Bar မှာ အဲရစ်ခ်နဲ့သောက်နေတုန်း နံပါတ်စိမ်းတစ်ခုကနေစာဝင်လာတယ် ။
-ကိုကို?-
ရှောင်းသခင်ကြီးတို့ပြန်လာတော့မှာမို့အလွမ်းပြေVisiting Card လေး ပေးခဲ့ပေမဲ့ ရှောင်းကျန့်လေးက အလှသိမ်းထားမယ်ပဲသူတွေးထားတာပါ ။ ခုဆိုရင်မတွေ့ရတာ နှစ်ရက်တောင်ရှိပြီ ။ ဝရံတာတောင်ထွက်မလာတဲ့
ကောင်လေး ဘာတွေအလုပ်ရှုပ်နေမှန်း ရိပေါ်မတွေးတတ် ။-ဗျ-
စာပြန်ပို့လိုက်ပြီး ပြုံးနေတဲ့သူ့ကိုအဲရစ်ခ်ကမဲ့ပြတယ် ။
"မောင့်မျက်နှာတစ်ရွာထင်ပြီးလာလည်ခဲ့တာ မောင်ကတော့ဒီလိုနော် "
"ဖယ်စမ်းပါ "
"ငါနဲ့မိတ်ဆက်ပေးဦးလေကွာ "
ရိပေါ်သက်ပြင်းချပြီးခေါင်းခါလိုက်တယ် ။
သူတောင် သူခိုးဂျပိုးဘဝနဲ့ချစ်နေရတာကို
အဲရစ်ခ်မသိတာလည်းမဟုတ် ။"ဒါကမင်းပုံစံမဟုတ်ဘူးနော် လီယို "
"ငါ့ပုံစံအတိုင်းလုပ်ရင် ကလေးရူးသွားလိမ့်မယ် ၊သူ့ကို စိတ်မဆင်းရဲစေချင်ဘူးကွာ "
"နှစ်ဆယ့်ခြောက်နှစ်ဆို ဘာကလေးလဲ ၊ ရူးတာလည်းတော်ရုံရူး "
"အဲ့ထက်ရူးနေပြီဆိုတာ မင်းနားမလည်ပါဘူး "
"နားလည်းမလည်ချင်ပါဘူး အဲ့လိုချစ်မိသွားမှာကြောက်စရာကြီး ၊ မှန်ထဲလည်းပြန်ကြည့်ဦး "
"အဟက် ငါလည်းအရင်ကကြောက်ခဲ့တာပဲ ၊ ဒါပေမဲ့တကယ်တမ်းချစ်မိတော့လည်း စိတ်ညစ်စရာတွေကအစသူနဲ့ဆိုင်ရင် ကြည်ကြည်နူးနူးစိတ်ညစ်နိုင်တာမျိုးကွ "
"မင်းနဲ့သူဖြစ်ပြီးပြီလား ယောကျာ်းလေးနဲ့အတွေ့အကြုံကဘယ်လိုလဲ "
"သေမလို့ နှစ်ကိုယ်ကြားကိုယ်ရေးကိုယ်တာကိုလာမေးနေတာလား "
ရိပေါ်ကဒီလိုလူမဟုတ် ။ တွဲပြီးပြတ်သွားရင်တောင် ပြတ်သွားတဲ့သူရဲ့ အတိတ်ကိုသူဖွင့်ချမှာမဟုတ်ဘူး ။ သူတို့ပြောနေတုန်းရှောင်းကျန့်ဆီကစာထပ်ဝင်လာတယ် ။
-ကိုကိုဘာလုပ်-
ဘားမှာအရက်သောက်နေကြောင်းရိုက်ပြီးမှ ရှောင်းကျန့်စိတ်ဆိုးသွားနိုင်သလားဆိုတာကိုတွေးမိပြီး လိမ်ရာမကျ ၊ အတိအကျလည်းမမှန်တဲ့ အဖြေမျိုးကိုသူရွေးချယ်လိုက်တယ် ။
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.