-16-

6.7K 846 101
                                    

အနေရခက်ပြီး တဟင်းဟင်းတအဲအဲဖြစ်နေတဲ့နှစ်ယောက်ကိုကြည့်ရင်းရိပေါ်အိပ်ငိုက်လာတယ်။

"အခန်းထဲသွားရအောင် "

"ဘာ..ဘာလုပ်မလို့ "

"ဟဲ့ဘာလုပ်မလို့တုန်း "

"ဟ လန့်လိုက်တာ ဖြည်းဖြည်းမေးကြပါ ၊ အခန်းခေါ်ပြမလို့လေ ဘာဖြစ်နေလို့လဲ "

"Lock မချထားနဲ့နော် "

"မာမီ ...သားကိုဘာထင်နေတာလဲ "

"ငါထင်တာမှားလို့လား "

"မမှားဘူး ဒါပေမဲ့ အခုမဟုတ်သေးဘူး"

"ပြီးရော ၊ အော်... သားသားမကြောက်နဲ့နော်
အန်တီက ဒီလိုပဲအော်ပြောနေကျမို့ "

"မာမီပါ ဘာကိုအန်တီလဲ "

ရိပေါ်ပြောပြီးတာနဲ့ ရှောင်းလုံးပေါင်းကိုလက်ဆွဲပြီး အပေါ်တက်လာခဲ့တယ် ။ အဲရစ်ခ်ကရိပေါ်အခန်းထဲဝင်ပြီး TV ကြည့်နေတာမို့နှင်ထုတ်လိုက်တော့မကျေနပ် ။ တရုတ်လိုနားမလည်တဲ့ကောင်နဲ့ အင်္ဂလိပ်လိုမသိတဲ့အချစ်လေးကြား မိတ်ဆက်ပေးရုံကလွဲရင်ဆက်ပြောစရာလည်းမရှိပါ ။

"ဒီမှာလေ ကိုယ်မင်းကိုကြည့်နေကျနေရာလေး ကိုယ်ဒီကနေမင်းကိုစမြင်တော့ အသဲတွေယား.. "

"ဟာ ကြက်ပေါင်ကိုမြင်နေရတယ် "

"အဲ့ခွေးမသားကိုမပြီးတော့ဘူးလား ကိုယ်မလာရတဲ့မနေ့ကတစ်ညလုံးလည်းဖက်အိပ်ပြီးပြီ "

"အယ် ကိုကိုဆဲတာလား "

"ဟ ခွေးမကမွေးတဲ့သားမဟုတ်ဘူးလား
အဲ့ကောင်က?  ခွေးမသားမဟုတ်လို့ ရှောင်းကျန့်သားလား ကိုကို့သားလား "

"မဟုတ်.. မဟုတ်ပေမဲ့  သူက ရှောင်းကျန့်ကလေးလေးလိုပဲ ညီအစ်ကိုလို  ..."

"ဘေးဘေကခွေးလား "

"ဟာ ကိုကိုကလည်း "

"အဲ့ဒါရှင်းရမယ် ဘေးဘေကခွေးရဲ့အစ်ကိုလုပ်နေရင် ကိုယ်ကဘလိုင်းကြီး ခွေးယောက်ဖတော်နေရမှာ "

"ရှောင်းကျန့်မှာကြက်ပေါင်ပဲရှိတာကို အဲ့လိုတော့မဆူပါနဲ့ "

"ကိုယ်ကရော "

"ကိုကိုကလူလေ ဘာလို့ကြက်ပေါင်နဲ့ကပ်တွက်နေတာလဲ "

-BOYS-Where stories live. Discover now