ဘုတ်အဖွဲ့ဝင်တွေရဲ့ရှေ့မှာ မျက်နှာပျက်အရှက်ရနေတဲ့မိသားစုကို ရှောင်းကျန့်မျက်လုံးသေနဲ့စိုက်ကြည့်နေလိုက်တယ် ။ အလှဆင်ထားတဲ့ပန်းအိုးပေါ်ကလိပ်ပြာဖြူလေးနှစ်ကောင်က ရှောင်းကျန့်ကိုအတွေးများစေပါရဲ့ ။
မေမေ ။ ရှောင်းယန် ။ တစ်နေရာကနေ
စောင့်ကြည့်နေရဲ့လား? ။"ကိုကို ညီမလေးတို့အရင်စကားပြောရအောင် ၊ ကိုကိုအထင်တွေလွဲနေပြီ "
ကောင်မလေးစကားစတာနဲ့ ကြက်သေသေနေတဲ့ရှောင်းစန်းကပါ မျက်နှာပြင်ပြီးလူတွေရဲ့အာရုံကိုစုစည်းလိုက်တယ် ။
"မှန်ပါတယ် ကျုပ်တို့သားရဲ့အမွေတွေကသူအသက်ဆယ့်ရှစ်နှစ်မှာစီမံခွင့်ရပြီး ၊ သုံးဆယ်
ပြည့်ရင်အပြည့်အဝလွှဲပြောင်းပေးရမှာပါ ဒါပေမဲ့စိတ်ရောကိုယ်ပါချို့ယွင်းချက်တွေများနေတဲ့ သူ့လက်ထဲ... "တစ်သက်လုံးပြင်ဆင်ထားခဲ့တဲ့ဇာတ်ကွက်ကိုထုတ်ပြောချိန်မှာ လွဲချော်နေမှုကိုသတိတရရှိသွားပုံနဲ့ ရှောင်းကျန့်ရှိရာဆီ အလန့်တကြားလှည့်ကြည့်လာခဲ့တယ် ။
"ဆက်ပြောလေ "
"မင်း... "
"အားလုံးပဲအစည်းအဝေးကို ကျွန်တော်တို့ရက်ရွှေ့ကြမလား၊ အားလုံးအနေနဲ့စိတ်ထဲစနိုးစနောင့်ဖြစ်နေကြမှာသိပေမဲ့ လက်ရှိအခြေအနေအရ လုပ်ငန်းပိုင်းစီမံချက်တွေလည်းရှေ့ဆက်ဆွေးနွေးနိုင်မဲ့အနေအထားလည်းမရှိဘူးဆိုတော့ "
ယခုအချိန်ထိတိတ်တဆိတ်ငေးနေခဲ့တဲ့ မောင်ကအလိုက်တသိနဲ့ ပွဲကိုဦးဆောင်ဖျက်သိမ်းကာ ရှယ်ယာရှင်တွေကိုခေါ်ထုတ်ပေးသွားခဲ့တယ် ။ မောင်မကူလည်း ဖြေရှင်းနိုင်သည့်တိုင် မောင့်ကြောင့် ချောချောမွေ့မွေ့ဖြစ်သွားတဲ့အခြေအနေပါလေ ။
အခန်းထဲရှင်းသွားတာနဲ့ရှောင်းကျန့်လူတွေက အခန်းတစ်ခုလုံးကို အစီအစဥ်တကျဖြန့်ကျက်နေရာယူပြီးတံခါးတွေကိုပိတ်ချထားလိုက်တယ် ။
"ကလေးတစ်ယောက်ကိုညဘက်တွေအိပ်မပျော်အောင်ခြောက်လှန့်ပြီး melatonin တွေဆေးလွန်စေခဲ့တဲ့အကြောင်းအရာ ၊ သင်ယူလေ့လာရေးနဲ့ပက်သတ်ပြီး အကြောက်လွန်ရောဂါရှိတဲ့ကလေးကို အဆင့်မြင့်သင်္ချာအထိသင်ခိုင်းပြီး အဲ့စိတ်နဲ့ သူ့နေ့စဥ်နေထိုင်မှုဘဝကိုရိုက်ချိုးပစ်ခဲ့တဲ့အကြောင်းအရာ ၊ အမှောင်ကြောက်တဲ့ရောဂါရှိတဲ့ကလေးအတွက် ညတိုင်းမီးပျက်တဲ့အခန်းထဲထည့်ပိတ်ထားရင်းနှလုံးရောဂါရလာစေတဲ့အထိကြံရွယ်ခဲ့တဲ့အကြောင်းအရာ ၊ ပြီးတော့ ကျွန်တော်တို့အမေ... ခွဲစိတ်မှုအောင်မြင်ပါရက်နဲ့ အောက်ဆီဂျင်ပျက်ပြီးသေသွားရပါတယ်ဆိုတဲ့ ကျွန်တော်တို့အမေပေါ့ ၊ အဲ့ဒါတွေထဲက ပြောချင်တဲ့အကြောင်းအရာကနေစပြီး ခင်ဗျားတို့ပြောလို့ရတယ် "
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.