-56-

4K 506 29
                                    

မလုပ်ဖြစ်ခဲ့တဲ့ လေးယောက်စုံညီ Dinner လေးကို Xiang Kong က စီစဥ်ပေးတယ် ။ အပန်းဖြေနှစ်ထပ်ဟော်တယ်အသေးလေးက မြစ်လက်တက်ရဲ့အခွဲမြောင်းကျယ် ၊ ချောင်းငယ်လို့ခေါ်ရမဲ့နေရာလေးနား မေးတင်ဆောက်ထားတာမို့ဆည်းဆာက ရှုခင်းကြည့်ဝရံတာမှာ ကျယ်ကျယ်ပြန့်ပြန့်မှေးခိုလာတယ် ။ အထူးဧည့်သည်တော်အဖြစ် Xiang Kong ရဲ့ညီမ ၊ Cai Ding ရဲ့ မတော်လိုက်ရတဲ့ ရည်းစားနနရောက်နေတာမို့ Xiang Kong က မျက်စိဒေါက်ထောက်ကြည့်နေတယ် ။

အခုပဲရန်ဖြစ်လာခဲ့တာ ။

လွန်ခဲ့တဲ့တစ်နာရီကအကြောင်းကို Xiang Kong ပြန်တွေးနေမိတယ် ။ နနပြန်ရောက်ပြီဆိုလို့ စျေးဝယ်ထွက်ရင်း တလက်စတည်းသူသွားကြိုခဲ့သည် ။ ပစ္စည်းတွေထည့်နေတုန်းသဝေထိုးဖို့ ထွက်သွားတဲ့ Cai Ding က နနနဲ့အရင်တွေ့ပြီးပြောချလိုက်တာက သူတို့လမ်းခွဲထားပါသတဲ့ ။

"ငါပြောတာအမှန်ပဲလေ ငါကဒီဘက်ထွက်လာတာမင်းက ကားပေါ်ကျန်ခဲ့တာ အဲ့ဒါလမ်းခွဲလာတာပဲပေါ့ ပြတ်တယ်လို့မှမပြောတာ "

Cai Ding ဒီကောင် ခြေများချင်နေတာသူသိတယ် ။ ဘယ်လိုနက္ခတ်နဲ့ယှဥ်မွေးလာလို့အစ်ကိုနဲ့အတူအိပ်ပြီးညီမကို ဖွန်ကြောင်နိုင်စွမ်းရှိမှန်းမသိ ။ Xiang Kong အတွေးလွန်နေတုန်း နနရဲ့စကားသံနားထဲဝင်လာမှလက်ရှိကိုအာရုံပြန်ရောက် တော့၏ ။

"ငါစာရေးတယ်လေ "

နနကသူမစာအုပ်ကိုထုတ်ပြတော့ရှောင်းကျန့်နဲ့ Cai Ding က ခေါင်းချင်းတေ့ပြီးဖတ်တယ် ။ နနကိုယ်တိုင်လည်း ဒီနှစ်ယောက်အားနာသမှုနဲ့အဖြ်သဘောယူဖတ်ရုံထင်ခဲ့ပေမဲ့စာအုပ်တစ်ဝက်ကျိုးတဲ့အထိ မျက်တောင်မခတ်ဖတ်နေတော့ခေါင်းခါလိုက်တယ် ။ အတည်ကြီး ဖတ်နေကြတာပဲ ။ Dinner အတူစားဖို့လာပါတယ်ဆို၊ ဝတ္ထုဖတ်နေတဲ့နှစ်ယောက်က သူမကိုဘေးမဲ့နွားတစ်ကောင်လိုပစ်ထားကြတယ်လေ ။ ဟိုနှစ်ယောက်ကလည်းအကင်ကင်ရင်းသူတို့လူတွေဆီပဲအာရုံစိုက်နေကြတာ ။ သိပ်အထီးကျန်တာပဲ ။

တစ်ဖက်မှာလည်းရိပေါ်က အကင်တွေကူကင်ပေးရင်း Xiang Kong နဲ့တက်တူးအကြောင်းဆွေးနွေးနေတယ် ။ ရှောင်းကျန့်နဲ့မင်္ဂလာမှတ်ပုံတင်တဲ့ရက်ရယ် ၊ ရှောင်းကျန့်နံမည်လေးရယ် အမှတ်တရထိုးချင်တယ် ။ ရှောင်းကျန့်က သဘောမတူလောက်ပေမဲ့ ရှောင်းကျန့်တင်ပါးနားလေးမှာလည်းသူ့နံမည်မြင်ချင်ခဲ့တာကြာပြီ ။

-BOYS-Where stories live. Discover now