-40-

5.4K 657 34
                                    

လေတဖြူးဖြူးတိုက်နေတဲ့ဝရံတာမှာမှီရင်း ရှောင်းကျန့်သက်ပြင်းထပ်ချလိုက်တယ် ။
ဆင်တူရေချိုးခန်းဝတ်စုံနဲ့မောင်က သူ့ကိုအနောက်ကပွေ့လာပြီး နားသယ်စပ်လေးတွေကိုနမ်းတယ် ။

"ကြောက်နေသေးတာလား "

"မောင်..ရှောင်းကျန့်တို့လုပ်ခဲ့တာမှန်ရဲ့လားဟင် "

"ကိုယ်ကတော့ပျော်တယ် ၊ ဘေဘီလည်းပျော်နေပေးရင်ကောင်းမှာပဲ "

"မောင်နဲ့အကြောင်းပါရတာပျော်ပါတယ် "

"နောက်ကကိစ္စတွေကိုယ်တတ်နိုင်သမျှပုံမှန်ဖြစ်အောင်ရှင်းပေးမှာမို့မပူပါနဲ့ "

"အယ် ဒါနဲ့လေ ၊ ရှောင်းယန်တို့ပြာအိုးတွေကျန်ခဲ့ပြီ ရှောင်းကျန့်မှာအဲ့ဒါပဲအမှတ်တရကျန်တာ "

"ညီလေးကိုအဲ့လောက်တောင်ချစ်လား "

"ရှောင်းယန်က ငယ်ငယ်ထဲကကံဆိုးတဲ့ကလေးရယ်"

"အရမ်းလည်းမဝမ်းနည်းပါနဲ့ ကိုယ်ရအောင်ပြန်ယူပေးမယ် "

"ဦးလေးသိမ်းသွားရင် အဖိုးအိမ်ရောက်နေလောက်ပြီ ၊ Cai Ding လည်းအဆင်ပြေရဲ့လားမသိဘူး ရှောင်းကျန့်ရဲ့သူငယ်ချင်းလေ "

"ကိုယ်သိပါတယ် အသံဖမ်းစက်ထဲ သူ့အသံ
ကြားဖူးတယ် "

"အဲ့ဒါမို့မောင်ငြိမ်နေပါတယ်ထင်တာ ကျိတ်ကြံနေတာကိုး ၊ ကြည့်ဦး သူများအတွင်းရေးတွေကိုအကုန်ခိုးနားထောင်တယ် တော်တော်ဆိုးနော်မောင် "

"ကိုယ်မှဘေဘီ့ကိုအဆုံးရှုံးမခံနိုင်တာ ...ပြီးတော့ဒီနေ့ကိုယ်တို့ခိုးပြေးလာပြီမလို့ ကိုယ့်ဆန္ဒလိုက်လျောပေးမှာမလား "

"ရှောင်းကျန့်အဲ့ဒါတွေသိပ်မသိဘူးနော် ရှက်တော့မရှက်ပေမဲ့ ကြောက်စရာကြီးနေမှာ ၊ တစ်ခုခုဆို စိတ်မပျက်သွားဘူးမလား "

ရိပေါ်ရဲ့ဝမ်းဗိုက်ကနေရင်ဘတ်အထိပွတ်ရင်း
ရှောင်းကျန့်ကခပ်တိုးတိုးဆိုတယ် ။ ရေချိုးခန်းဝတ်စုံရဲ့အဟကြားထဲကပေါင်တံသွယ်သွယ်စင်းစင်းဟာရိပေါ်ရဲ့ခါးမှာတွယ်ကပ်လာပုံဟာ မြင်တဲ့သူ ရေနစ်သေ ၊ မီးလောင်သေ ၊ ကားတိုက်သေရင်တောင် သေခြင်းတရားကိုမေ့ပြီး ဒီပေါင်တံအလှကိုမျက်စိလွှဲနိုင်မှာမဟုတ် ။ ရိပေါ်လည်းအတောင့်လိုက်သေသွားချင်ပေမဲ့ သေလို့မဖြစ်သေး ။ ပေါင်တံကိုအသာပွတ်သပ်ပေးရင်း အညှော်ခံထားရသမျှ ထိုက်တန်အောင်တက်ကြွရဦးမည် ။

-BOYS-Where stories live. Discover now