ကိုကိုလာသွားတဲ့ရက်မှာပဲ ပါပါးနဲ့မေမေကြီးရန်ဖြစ်ကြတယ် ။ ပါပါးကမေမေကြီးနဲ့မတူညီပေ ။ မေမေပြောသလိုဆို ပါပါးငယ်ငယ်ထဲက ဘုရင်ခေတ်လက်ကျန်မင်းသားလေးလို အရေးအရာပေးခံခဲ့ရတာ ။
"ကျွန်မတို့မှာအခွံကြီးပဲကျန်တော့တယ် ၊ ရှင့်အဖေသေထဲကရှင်ဘာများလုပ်နိုင်လို့လဲ ၊ အစေခံနဲ့သားမွေးထားပြီး နောက်ခံတောင့်တဲ့ ကျွန်မကိုလိမ်လည်လက်ထပ်ခဲ့တာတောင် ရှင့်စီးပွားကဘာမှတိုးတက်မလာဘူး ကျွန်မမိဘတွေသာမကြည့်ခဲ့ရင် ဒီအခြေအနေတောင်ရှိမနေဘူး ၊ ဒါတောင်ရှင်ကမာနကြီးချင်သေးတယ် "
"မင်းပါးစပ်ပိတ်ထားတော့ "
ရှောင်းကျန့်ဆက်မကြားချင်တော့တာကြောင့်နွားနို့ခွက်ယူပြီးတာနဲ့ တိုးတိုးလေးပြန်လာခဲ့တယ် ။ အခန်းထဲဝင်ဝင်ခြင်း လက်ကနွားနို့ခွက်ပျောက်သွားတာမို့မော့ကြည့်တော့ ကိုကိုကနှုတ်ခမ်းတစ်ဖက်တွန့်ကာပြုံးပြနေတယ် ။ အနက်ရောင် Hoodie ၊ အနက်ရောင်ဦးထုပ်အကြား ဖြူဝင်းတဲ့မျက်နှာက အရက်ရှိန်နဲ့ရီဝေပြီး ရဲတွတ်နေခဲ့တယ် ။
"ကိုကိုအရက်တွေသောက်လာတယ်? "
"အဟွန်း ဘော်ဒါဟောင်းနည်းနည်းနဲ့ပြန်တွေ့လို့ပါ ၊ မကြိုက်ဘူးလား "
Hoodie ခေါင်းစွပ်နဲ့ ဦးထုပ်ကိုချွတ်လိုက်တဲ့ အနက်ရောင်လည်ထောင်ဆွယ်တာကပေါ်လာခဲ့တယ် ။ သတိမထားမိခဲ့တဲ့ လက်ဝါးကပ်တိုင်ပုံပလက်တီနမ်နားကပ်ဟာတလက်လက် ။
"မိဘတွေရှိနေတာကိုဘာလို့လာတာလဲကိုကိုရာ "
"သိသွားတော့လည်း ညားလိုက်ကြတာပေါ့ကွာ
နော့ ဘေးဘေ ကိုယ်နဲ့မညားချင်ဘူးလား "နဖူးချင်းတိုက်ရင်း အတင်းလိုက်နမ်းနေတဲ့ကိုကိုက တကယ်ကိုမူးနေပြီထင်တယ် ။
"ဖယ်ပါဦး အကုန်ကြားကုန်တော့မယ် "
"ရှောင်းကျန့်ကိုချစ်တယ်ကွာ ရှောင်းကျန့်သိလား ရှောင်းကျန့် "
"ဘာဖြစ်နေတာလဲ "
အော်ဟစ်နေတဲ့ပါးစပ်ကို ရှောင်းကျန့်အတင်းလိုက်ပိတ်တော့ ခါးကနေစွေ့ခနဲချီပြီးပတ်ရမ်းနေတာကြောင့် ရှောင်းကျန့်လက်တွေကို
ကိုကို့ပခုံးပေါ်မှာဖက်တွယ်ထားလိုက်ရတယ် ။
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.