"မဟုတ်ပါဘူး အကောင်မွေးတာကိုပြောပြတာ"
"မဟုတ်သေးပါဘူး ငါ့အကြောင်းပြောနေရာကနေမင်းထပြောတာလေ "
"မင်းမှမဟုတ်တာ "
"မင်းငါ့ကိုကြိုက်တဲ့အကြောင်းပြောရာကနေ ငယ်ငယ်ထဲကရုပ်ဆိုးပြီးရိုင်းစိုင်းတာမျိုးဆိုပြီးဆက်ပြောနေတာလေ"
"မဟုတ်ပါဘူးဆို မင်းကလည်းရစ်လိုက်တာ "
"ဒါနဲ့နနက ပြည်ပရောက်နေတာလား "
"ဟင့်အင်း ရှန့်ဟိုင်းမှာ "
"ဆံဖြူကောင်ကပြည်ပသွားတယ်ပြောလို့ "
"အဲ့ဒါကိုကျ မင်းမှတ်ထားတယ်ပေါ့ အခုထိခံစားချက်ရှိနေတာလား "
"မရှိပါဘူး "
"ဒါဆိုဘာလို့စိတ်ဝင်စားနေတာလဲ? ငါ့အကြောင်းပဲစိတ်ဝင်စားစမ်းပါ "
"မင်းအကြောင်းငါမှမသိချင်တာ ၊ အမြဲရန်ဖြစ်နေပြီး လူမိုက်လုပ်တာပဲမလား "
"ငါအလကားနေရင်းရန်ဖြစ်နေတာမှမဟုတ်ဘဲ ပြောရရင် မင်းကိုရှာကျွေးဖို့အလုပ်လုပ်နေရတာပဲလေ ၊ ငါရှာသမျှမင်းအတွက်ပဲကို "
"ဘယ်သူ့ကိုလာစွပ်စွဲနေတာလဲ ၊ ငါငယ်ငယ်ထဲကမင်းနံမည်ဆိုးနဲ့ကျော်နေတာပါ "
"မင်းငယ်ငယ်ထဲကလို့ပြောရအောင်ငါနဲ့မင်းဘယ်လောက်ကွာလို့လဲ "
"ငါကလေးစိတ်မကုန်ခင်ထဲက မင်းလူမိုက်လုပ်နေတာပဲလေ "
"ငါစသိထဲကမင်းနှာဘူးဖြစ်နေပါပြီ ၊ ဘယ်လိုကလေးစိတ်နဲ့ဖွန်ပတ်ကြောင်နေတာလဲ "
"မင်း.... ငါဖွန်ကြောင်တာဖြူစင်တယ် ၊ မင်းကသာ လူဆိုးဖြစ်နေတာမဟုတ်ဘူးလား "
"အဲ့ဒါက ငါ့အလုပ်ကြောင့်လေ ၊ ရန်လာမစရင် ဘယ်သူ့ထိလို့လဲ? မင်းကတော့ ဖြတ်သွားသမျှ
ဖွန်ကြောင်နေတာမလား ""ယောကျာ်းလေးလူပျိုအရွယ်ပဲလေ အဲ့ဒါကထူးဆန်းလို့လား ၊ မင်းသာဥပဒေနဲ့မလွတ်ကင်းတာတွေလုပ်နေတာ ဒီနေ့ငါသာမလာရင်မင်းလူသတ်တော့မလို့လေ "
"သူတို့လုပ်တာကရောကောင်းလို့လား "
"သူတို့ကသေရင်ဘာမှမသိတော့ဘူး မင်းကထောင်ကျကျန်ခဲ့မှာ "
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.