-45-

4.8K 631 56
                                    

[TW// CW:  sexual assault  / swears / curses  / adult c / violance  ]

Cai Ding ....
ငါဆိုတဲ့ Cai Ding ။ ဒီနေရာကပဲ သေအောင်ထွက်ပြေးခဲ့ရပြီးအခုတော့လည်းဒီကိုပဲ ခပ်လှုပ်လှုပ်လျှောက်လာရပြန်ပြီ ။

ဝင်ကိုဝင်ရတော့မှာသိပေမဲ့လည်း ဒင်းမှာ ငါ့အခွက်ကြီးပေါ်မလာစေနဲ့တဲ့ ။ ဖြေရှင်းပေးမယ်လို့လေကြီးပြီးမှ အရင်ဇက်ပြုတ်မှာက ငါဆိုတဲ့ Cai Ding သေးသေးလေးဖြစ်သွားရင်ရော?

သေရမှာကို Cai Ding မကြောက် ။

အလောင်းကိုလက်စဖျောက်ဖို့ အသားကျိတ်စက်ထဲထည့်ပြီးကျားစာကျွေးလိုက်ရင် ?  အဲ့ဒါတော့မဖြစ် ၊  Cai Ding ကျားမစင်ပုံလေးဘဝနဲ့တော့ ကံမကုန်ချင်ပါ ။ မသာပန်းမလှမှာ Cai Ding ရဲ့တစ်ခုတည်းသောအကြောက်တရားပဲ ။

ဒါပေမဲ့လည်းရှောင်းကျန့်နဲ့ရှောင်းကျန့်ပါလင်ကိုသူကတိပေးထားမိသည် ။ Cai Ding ရှေ့တစ်လှမ်းတိုး ၊ နောက်တစ်လှမ်းဆုတ်တာကို မြင်သူအပေါင်းက မျက်စိနောက်လာပုံနဲ့ အနားကပ်လာတယ် ။

"ကောင်လေး မင်းဘာလုပ်မှာလဲ ကိစ္စရှိလို့လား ?"

"ငါ? အာ .... ခဏလာကြည့်တာ ဒီကကျောက်စရစ်ခဲတွေလှလို့ "

Cai Ding ရဲ့ ကြောင်စီစီမျက်နှာက ချစ်မွှေးပါပုံမရ ။ လူထွားကြီးနှစ်ကောင်က စိတ်ဆိုးသွားခဲ့သည် ။

"လာပြောင်နေတာလား အလုပ်မရှိရင်ထွက်သွားစမ်း "

"OK လေ "

ကောင်းတယ် ။ နှင်ထုတ်လိုက်တော့သူလှည့်ပြန်ဖို့ဆင်ခြေရှိလေသတည်းပေါ့ ။ ရှောင်းကျန့်ကိုကူဖို့သူဒီအထိအရဲစွန့်လာခဲ့ပြီးပြီ ။ အစောင့်ကနှင်ထုတ်လို့ကျရှုံးခဲ့ရတာ ။

Cai Ding မင်းမမှားဘူး ။ မင်းတာဝန်ကျေခဲ့တယ် ။ မင်းဒီနေရာအထိရောက်ခဲ့တာပဲ ။

ဖွတ်ခနဲထွက်သွားတဲ့အရိပ်လေးဟာလှည့်မကြည့်စတမ်းအပြေးတစ်ပိုင်းထွက်ခွာသွားတယ် ။ ဒါကို
ကြည့်နေတဲ့ အစောင့်တွေရဲ့နားကအူထွက်သွားရ၏ ။ လန့်သေချင်စရာကောင်းလွန်းလို့ အသံလာရာ သူတို့နားက နားကျပ်ကိုဆွဲမဖြုတ်မိရုံတမယ်ပဲ ။ နားကျပ်ထဲကတဆင့်လွင့်လာတဲ့အမိန့်သံဟာ ခပ်ပြတ်ပြတ် ။

-BOYS-Where stories live. Discover now