ကိုကို့ကိုချစ်လည်းချစ်တယ် ။ ကြောက်လည်းကြောက်တယ် ။ ကိုကိုကဂရုစိုက်လေ
ရှောင်းကျန့်ပိုကြောက်လေပဲ ။အကယ်လို့များ ဒီလိုကိုကိုကမနက်ဖြန်
အေးစက်သွားခဲ့ရင်ဆိုတဲ့ အကြောက်တရားကထိန်းချုပ်မရ ။ရှောင်းကျန့်ချွဲလည်းမချွဲတတ် ။ ဆိုးလည်းမဆိုးတတ် ။ ဒီပုံနဲ့ဘယ်လိုဆွဲထားတတ်မှာလဲ ။ အခုအလုပ်သင်ပေးနေတဲ့ဆရာကတော့ ပြောတယ် ။ ကိုကို့ပိုက်ဆံတွေဖြုန်းရင်ကိုကိုကပိုချစ်လာမယ်တဲ့ ။ ကိုကိုလည်း ရှောင်းကျန့်ကိုအကုန်ပေးချင် နေတော့ ဒါကဖြစ်နိုင်ချေရှိတယ်လို့ရှောင်းကျန့်ထင်တယ် ။ သို့သော်ငြားလည်း ရှောင်းကျန့်က မေမေကြီးပေးသမျှကလွဲရင်ပန်းတစ်ပွင့်တောင်ပိုင်ခွင့်မရှိတဲ့သူလေ။ သုံးခွင့်မရှိခဲ့တော့ပိုက်ဆံကိုဘယ်လိုသုံးရမလဲဆိုတာမသိဘူး ။ သုံးလိုက်ပါပြီတဲ့ ၊ ကိုကိုကရှောင်းကျန့်ကိုမချစ်တော့ရင် အကြွေးပြန်လာတောင်းမှာပေါ့ ။ ရှောင်းကျန့်မှာအဲ့လိုဆိုဆပ်စရာမရှိပြန်ဘူး ။
"ကဲ ခေါ်မကြားအော်မကြားနဲ့ "
"အယ် ဘာခေါ်တာလဲ? ရှောင်းကျန့်တစ်ခုခုစဥ်းစားနေလို့ပါ "
"လင်ယူဖို့တွေးတာဆိုဆက်တွေး "
"ကိုကို "
"အေး "
"ရှောင်းကျန့်ကို ချစ်သေးလား ".
"ဘယ်တော့မှအဲ့ဒါမမေးနဲ့ ဖြေစရာမလိုအောင်ကိုအမြဲတမ်းချစ်နေပြီးသား "
"ရှောင်းကျန့်လည်း ကိုကို့ကိုချစ်သေးတယ် "
"ကိုယ်အပြင်ခဏသွားလိုက်ဦးမယ် ၊ ဆာရင် အတွင်းရေးမှုးတွေကို တစ်ခုခုပြင်ခိုင်းလိုက် "
"ရှောင်းကျန့်လိုက်လို့မရဘူးလား "
"မရဘူး စောက်နှာဘူးတွေနဲ့သွားတွေ့ရမှာ "
ကိုကိုလည်းနှာဘူးနဲ့တူတယ်လို့ရှောင်းကျန့်မပြောရဲပါဘူး ။ ကိုကိုထွက်သွားတော့ကိုကို့ခုံကိုသန့်ရှင်းရေးလုပ်ပြီး ဝင်ထိုင်နေလိုက်တယ် ။ စားပွဲပေါ်ကတစ်ခုချင်းဆီစပ်စုနေရာကနေ ကိုကို့ပိုက်ဆံအိတ်ကိုတွေ့တော့ သူဖွင့်ကြည့်လိုက်တယ် ။ ငွေသားအနည်းငယ်နဲ့ ဘာမှန်းမသိတဲ့ အရောင်စုံကဒ်တွေကအပြည့် ။
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.