-26-

5.9K 722 40
                                    

ထိုနေ့ကဟူပေကိုခရီးထွက်တော့ မာဖလာထူထူလေးပတ်ရင်း ပျော်မြူးနေတဲ့ရှောင်းလုံးပေါင်း ။
မိဘတွေကိုအားကိုးတဲ့ကလေးလိုလက်လေးကလည်းချိတ်ထားရမှ ။

လေယာဥ်ပေါ်ဆင်းတာနဲ့စာရွက်စာတမ်းတွေကူလုပ်ပေးခိုင်းတော့နှုတ်ခမ်းလေးစုရင်းအာရုံစိုက်ကူရှာတယ် ။ အစည်းအဝေးပွဲထိမိမိဘေးနေရာမှာခုံတစ်လုံးအပိုပါတော့ စပ်တူလုပ်ကိုင်မဲ့လူတွေကစိတ်ဝင်တစားကြည့်နေခဲ့ကြတယ် ။ အနောက်တိုင်းဝတ်စုံလေးကိုအသက်ရှုရကျပ်သလို ဖြေလျော့ဖို့ကြိုးစားနေတဲ့ကောင်လေးကို လက်ကလေးဆုပ်ကိုင်ပေးတော့ စိတ်အေးချမ်းသွားပုံပါပဲ ။

ဒီဇိုင်နာထည်မှန်းသိသာပါလျက် ပုံစံတူတဲ့ဝတ်စုံက လူတွေကိုပိုအာရုံဖမ်းစားထားနိုင်တာမြေကြီးလက်ခတ်မလွဲ ။

လုပ်ငန်းနှစ်ခုပေါင်းပြီး Project တစ်ခုလုပ်တဲ့နေရာမှာလည်း ဘယ်လိုသြဇာကြီးကြီး သောက်ရမ်းငြင်းရတာပါပဲ ။ အသက်ကြီးတဲ့အဖိုးကြီးတွေက အရမ်းလက်ပေါက်ကပ်တယ် ။ စီးပွားရေးလောကထဲဝင်လာတာမကြာသေးတဲ့ရိပေါ်အပေါ်ဖျံကျချင်ကြတာချည်း ။

အစည်းအဝေးပြီးသွားတော့သူ့ခေါင်းတွေထိုး
ကိုက်လာတယ် ။

"မောင်တအားမိုက်တာရော "

ထောင်ပြလာတဲ့လက်မလေးတွေကိုငုံ့နမ်းတော့ ရွှဲစိုနေတဲ့မျက်လုံးကြီးတွေမှေးမှိတ်သွားတယ် ။

"ဘယ်သူကနမ်းမယ်ပြောလို့မျက်စိမှိတ်တာလဲ "

"ဘာ "

မျက်စိလေးအကြည်မလင်ပြန်ဖွင့်လာမှရွှတ်ခနဲခိုးနမ်းတော့ စိတ်ဆိုးရမလို ရယ်ရမလိုအမူအယာကြားရှောင်းလုံးပေါင်းကဗိုက်ဆာတယ်လို့အော်တယ် ။

"ကိုယ်ပြင်ပေးမယ် ခဏစောင့် "

"ဝယ်ကျွေးမှာမဟုတ်ဘူးလား "

"ဝယ်ကျွေးလည်း​ကိုယ်ပြင်ပေးတာပဲလေ "

"ရှောင်းကျန့်နဲ့ယူရင် ကိုကိုပဲထမင်းချက် ၊ သန့်ရှင်းရေးအလျှော်အဖွတ်လုပ် ၊ ပိုက်ဆံရှာရမှာနော် "

"ကိုယ့်အလုပ်ကအဲ့ဒါပဲလား ဒီကလေးကိုထိန်းဖို့လည်းပါသေးတာကို "

-BOYS-Where stories live. Discover now