အလန့်တကြား လှမ်းမဆွဲရုံတမယ်မေးလာတာကြောင့်ရိပေါ်ကငုံ့ကြည့်ပြီးရယ်လိုက်တယ် ။
"မပြန်လို့ဒီမှာအိပ်လိုက်ရမှာလား "
"မအိပ်ရပါဘူး "
ရိပေါ်ကမျက်ခုံးကိုကုပ်ကြည့်ရင်းနားလည်သွားတယ် ။
"မင်း... အထီးကျန်နေလို့လား? "
"ကျွန်တော်..."
"ရတယ်လေ ကိုယ်မင်းအိပ်ပျော်တဲ့အထိစကားထိုင်ပြောပေးမယ် "
လွယ်ကူတဲ့ အဖော်ပြုမှုလေးလို့ထင်ခဲ့ပေမဲ့ ရိပေါ်အတော်လေးလက်လန်သွားခဲ့ရတယ် ။ အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ကောင်လေးက သူတွေ့တဲ့ ပုရွက်ဆိတ်အကြောင်းကအစ စိတ်ဝင်စားဖို့မကောင်းတာတွေကို လေးလေးနက်နက်ပြောချင်နေခဲ့တာ ။
"ကျွန်တော့်ခွေးလေးက နေမကောင်းဘူးလေ ၊
အဲ့ဒါမို့ ဆေးရုံတင်ထားရတယ် အဲ့မှာတခြားအကောင်လေးတွေအများကြီးရှိတယ် သူကြောက်နေမှာ ""မင်းဆီကဘာဂါတောင်းစားတဲ့ခွေးလား "
"အွန်း သူ့နံမည်ကကြက်ပေါင်လေ သူပိစိလေးတုန်းကအိပ်နေရင်ကြက်ပေါင်ကြော်နဲ့တူလို့ ခေါ်ကြတာ ၊ သူက ကြည့်တော့သာအကြီးကြီး အသဲကတအားငယ်တတ်တာ ၊ သူနဲ့ကျွန်တော်ကအမြဲ
အတူအိပ်တာ သူမရှိတော့ကျွန်တော်အိပ်မပျော်ဘူး ""မင်းစကားအတော်များတာပဲ "
တက်တက်ကြွကြွလေးဖြစ်လာတဲ့ရှောင်းကျန့်ကပြန်မှိုင်ကျသွားတယ် ။
"တောင်းပန်ပါတယ် "
"ဘာကိုတောင်းပန်တာလဲ ၊ စကားများတာကောင်းတဲ့အလုပ်လေ... ကိုယ်ကချီးကျူးနေတာ"
အချစ်ဆိုတဲ့အရာကစလို့မကောင်းတဲ့ပုံပဲ ။ ကြိုက်ရုံအဆင့်မှာတင် နားညည်းတာကိုချီးကျူးနေရပြီ ။ ဒါပေမဲ့လည်း ဒီလေအိုးလေးကချစ်ချင်စရာလေးဖြစ်နေတော့ခက်သား ။
"ပြန်တော့မလို့လား "
"ရေဆာလို့ "
"ဒီမှာရှိတယ် "
"ကိုယ်ဗိုက်လည်းဆာတယ် "
"အယ် "
"အယ်? ဧည့်သည်ကိုမုန့်တောင်မကျွေးချင်ဘူးလား "
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.