ရှောင်းကျန့်တစ်ယောက်အထုပ်တွေကြားထဲ မှုိရတဲ့ မျက်နှာနဲ့ထိုင်နေတယ် ။ ရိပေါ်က ကြည့်ရင်းထိုမျက်နှာပေးကိုမြင်တော့ရယ်တယ် ။
"အဲ့ဒါဘာရုပ်?"
"ပျော်တဲ့ရုပ် "
"ပျော်အောင်ဘယ်သူလုပ်ပေးသလဲ "
"မောင် "
"အဲ့တော့? "
"ဟီး မွ "
တိုးကပ်ဖက်လာပြီး ပျင်းနေတဲ့ကောင်လေးရဲ့တင်ပါးကိုရိပေါ်တဖြန်းဖြန်းချပြီးစလိုက်တယ် ။
သူရိုက်တာကိုရပ်လိုက်တာနဲ့ ရှောင်းကျန့်ရဲ့တင်ပါးလေးတွေကမကျေနပ်သလိုလှုပ်သွားတယ် ။"မနက်ဖြန်အလုပ်ကိုလိုက်ခဲ့မယ်နော် "
"ဘာသာစကားအခက်အခဲကရှိဦးမှာကိုယ်တော့ဘေဘီ့ကိုအေးဆေးနားစေချင်တယ် "
"မောင့်အလုပ်ပဲကူမှာပေါ့ "
"ကိုယ်တော့အလုပ်လုပ်နိုင်ပါ့မလား "
ပါးကိုဆွဲညှစ်ရင်းပြောတော့ရှောင်းကျန့်ကသဘောတကျရယ်တယ် ။ အလုပ်လုပ်ဖို့အားအင်တွေပေါ်လာလို့အလုပ်လိုက်လုပ်ပါရစေတဲ့ ။ အားအင်ကယောကျာ်းကိုကူချင်တာမျိုးတော့မဟုတ် ။ သူဝတ်ချင်တဲ့ ဝတ်စုံတွေပေးဝတ်လို့ ထိုအဝတ်တွေဝတ်ပြီးရုံးတက်ချင်တာ ။ နှစ်ဆယ့်ခြောက်နှစ်လုံး ဝတ်ချင်တာတောင်ဝတ်ခွင့်မရှိခဲ့တဲ့သူမို့ ရိပေါ်ကတော့ဘေဘီ့သဘောကျပဲဖြည့်ဆည်းပေးချင်သည် ။
အိမ်ထောင်ရေးကလည်းတွေးထင်ထားတာထက်အဆင်ပြေပြေဖြတ်သန်းနေနိုင်တယ် ။ ရိပေါ်ငယ်ငယ်လေးနဲ့အိမ်ထောင်ကျသွားတာကိုပတ်ဝန်းကျင်ကပြောချင်ပေမဲ့ ဒီလူကိုရဖို့ဘယ်လောက်ကြိုးစားခဲ့ရလဲသူသာသိသည် ။
"ကြက်ပေါင်ရေ "
"အဲ့ကောင်ငြိမ်နေပါလား "
"ဖိနပ်တွေကိုက်ပြန်ပြီလားမသိဘူး "
"ဒီကောင် "
"မောင်... မဆူပါနဲ့ ၊ ရှောင်းကျန့်ပြောမယ် "
တုတ်ဆွဲပြီးအရှေ့ကထွက်သွားတဲ့ရိပေါ်ကိုလိုက်ဆွဲရင်းရှောင်းကျန့်ပျာယာခတ်သွားတယ် ။ အခန်းထဲရောက်တော့ အဖေနှစ်ယောက်အဝတ်တွေစွပ်ပြီးဆော့နေတဲ့ကြက်ပေါင်က ကြောင်တောင်တောင်နဲ့လှည့်ကြည့်လာတယ် ။ အဖေတွေပြန်ရောက်လာတာမြင်လို့ ပျော်သွားပုံရပေမဲ့တုတ်မြင်တော့တအီအီနဲ့နောက်ဆုတ်သွားတယ် ။
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.