-28-

4.7K 699 22
                                    

ရုံးခန်းထဲအလုပ်ဆက်ရှုပ်နေတုန်းနေ့လည်စာဘူးနဲ့ဝင်လာတဲ့ရှောင်းလုံးပေါင်းကသူ့ပေါင်ပေါ်အပြေးလေးတက်လာပြီးတင်းတင်းကျပ်ကျပ်ဖက်ပါတယ် ။

"ပြောပါဦး ဘာတွေအလုပ်ရှုပ်နေလို့နောက်ကျရတာလဲ "

"နေ့လည်စာပြင်နေတာလေ "

"ဘယ်မှာသွားပြင်တာလဲ "

"ဘာကို? "

"အိမ်မှာမနက်ထဲကမရှိတာမလား?  ကိုယ်ဆယ်နာရီကျော်မှထွက်လာတာ ၊ ဘေဘီ့ကိုစောင့်ပြီးသွားမလို့...  ပြန်ရောက်မလာတာနဲ့ထွက်လာလိုက်တာ ဘေဘီ့အိမ်​ကို မေးရအောင်လည်းဘေဘီဖုံးကွယ်ထားတာဆိုရင်မကောင်းဘူးလေ "

ဒီရှောင်းလုံးပေါင်းလေး သူ့အပေါ်မကွယ်ဝှက်စေချင် ။ လိမ်ညာတာလည်းမရှိစေချင်တာကြောင့်သူအကုန်ဖွင့်ချပြပြီးစကားခင်းပေးလိုက်တယ် ။

"ရှောင်းကျန့်လည်းအလုပ်လေးတွေရှိလို့ပါ ...နေ့လည်စာစားရအောင် ရှောင်းကျန့်ကြိုးစားလာတယ် "

ဟင်းမချက်တတ်တဲ့ ၊ ဟင်းချက်ခွင့်မရှိတဲ့ ရှောင်းလုံးပေါင်းရဲ့နေ့လည်စာဘူးကိုကြည့်တော့ အတော်လေးသပ်သပ်ရပ်ရပ်လှနေတယ် ။ သေချာပေါက်အိမ်မှာချက်ခွင့်ရမဲ့ကိစ္စမျိုးမရှိဘူး ။ ရိပေါ်သံသယတွေကိုမျိုချပြီး ရှောင်းလုံးပေါင်းကိုသာဖျစ်ညှစ်လိုက်တယ် ။ ဘာဖြစ်သေးလဲ ရှောင်းလုံးပေါင်းသူ့ကိုကျွေးချင်လွန်းလို့ဆိုတာနဲ့တင်လုံလောက်ပြီလေ ။

. . .

ရုံးခန်းထဲရိပေါ်ရဲ့သက်ပြင်းချသံက ခပ်လေးလေးထွက်ပေါ်လာတယ် ။

ယနေ့ပဲရှောင်းအိမ်တော်ကလူကြီးတွေရိပေါ်နဲ့သီးသန့်တွေ့ဆုံပြီးမထင်မှတ်ထားတဲ့အရာတွေကြားခဲ့ရသည် ။ အဲ့ဒါက ပူးပေါင်းလုပ်ဆောင်ဖို့စကားစရှိထားတဲ့လုပ်ငန်းမှာသူတို့သမီးငယ်လေးကို
အမြင့်တစ်နေရာအတွက်ထောက်ခံပေးဖို့ ။

"သမီးလေးကငယ်သေးပေမဲ့ သူ့အရည်အချင်းကိုမောင်ရင်စစ်ကြည့်ပါဦး ၊ လက်တွေ့အကဲခတ်ချင်လည်း ဒေါ်ဒေါ်တို့သူနဲ့မိတ်ဆက်ပေးမယ်... မောင်ရင့်လုပ်ငန်းမှာသူလေ့လာသင်ယူနေချင်ရှာတာ "

-BOYS-Where stories live. Discover now