-22-

6K 768 73
                                    

-GUETO-

"ဟေး ဂွေးတို "
"ဂွေးတိုရေ "

"ဘယ်တော့မှစလို့ပြီးမှာလဲ အရမ်း... အရမ်းလွန်လာပြီ "

"အာ မငိုနဲ့လေ ဟေ့ ရှုး ...အဲ "

ကလေးငိုရင် ရှုးခနဲမောင်းထုတ် ။ ဒါမှမရရင်ပါးစပ်ပိတ်ကာ နှင်ထုတ်ပစ်တတ်တဲ့ရိပေါ်က
သည်တစ်ကြိမ်လည်းအကျင့်ပါပြီးလိမ်ဆွဲပစ်လိုက်မိတော့မလို့ ။ ကလေးချစ်လားဆိုတော့လည်းမဟုတ် ။ မချစ်လားဆိုတော့လည်းတွေ့ရင်ဗြဲခနဲအော်ငိုအောင်စပစ်ရမှ ။ ငိုသွားရင် အငိုတိတ်အောင်လိုချင်သမျှပေးလိုက်ပြီး ဒါမှမရရင်လက်ကလေးကပါချင်သည် ။

မာမီကတော့ သန္ဓေမကောင်းတဲ့အယုတ်တမာလေးလို့ဆဲတာပဲ ။ ပြီးရင်ကလေးတွေပြန်
မတိုင်အောင်လိုက်ပိတ်ရတာလည်း မာမီ့တာဝန် ။

ဆွဲညှစ်ခါနီးလက်ကိုပြန်သိမ်းရင်း မုန့်ပေးဖမ်းမဲ့ ကလေးဖမ်းသမားလိုချိုချိုသာသာပြုံးပြလိုက်​တယ် ။

"ဘေးဘေ စောစောစီးစီးဘာလို့ထိုင်ငိုနေတာလဲ ၊ အလုပ်သွားဖို့လည်းမပြင်ရသေးဘူးကြည့် "

"မောင်ပဲနိုးတာနဲ့ သူများငိုအောင် လာစနေတာလေ "

ဒါတော့ဟုတ်သည် ။ ဖုန်းအသစ်ကို ထိန်းချုပ်လေယာဥ်လေးနဲ့ ရှောင်းကျန့်အခန်းထဲပို့ပေးပြီး တစ်မနက်လုံးစနေခဲ့တာ ။

"ဒါလေးစတာပဲကို ငိုစရာလား ၊ သူကျဂွေးတို... "

"GETOUT လို့ရေးတာ "

"ဒါပေမဲ့ရေး​ပို့ထားတာဂွေးတိုလေ ကိုယ်ကမတိုတော့ဘေးဘေပဲကျန်တာပေါ့ "

"မှားရေးမိတာကိုဘာလို့လာပြောနေတာလဲ ၊
အရင်လိုလည်းမဟုတ်တော့ဘူး နိုးတာနဲ့ နိုးတာနဲ့
အင့် နိုးတာနဲ့  အနိုင်လိုက်ကျင့်နေတယ် "

"ကိုယ်မစတော့ဘူး ၊ ဒီမှာကြည့် ဘာလေးလဲ "

ရှိုက်သံတအင့်အင့်နဲ့ မျက်နှာလေးရဲတဲ့ထိ ငိုနေခဲ့တဲ့ ရှောင်းကျန့်ကမူချင်ပေမဲ့ မမူတတ်တဲ့အလျောက် အိတ်ကလေးထဲငုံ့ကြည့်တယ် ။

"ရှောင်းကျန့်အတွက်အင်္ကျီအမည်းရောင်လား "

"ဝတ်ကြည့် "

-BOYS-Where stories live. Discover now