Valentine Day ဆိုပြီး ချောကလက်ကျွေးပြီးလူပြန်စားဖို့လုပ်နေတာ မောင်က ။ သေချာလေးပြင်ဆင်ပေးထားလို့ကျေနပ်နေတာ ၊ ချက်ချင်းစိတ်ရင်းတွေပြနေလို့ ဗိုက်ခေါက်လိမ်လိုက်ရတယ် ။
"မောင်နော် "
"ဘာလို့လဲ "
"ဝှီး ဖယ်စမ်းပါ "
"ဘာလို့လဲ ဒီလိုနေ့မှာမငြင်းပါနဲ့မင်းရဲ့ "
"နေ့တိုင်းညတိုင်း မောင့်အတွက်တော့ လုပ်သင့်နေတာပဲမလား ဆင်ခြေတွေချည်းပဲ ၊ လူကိုလည်းသနားပါဦး "
"ကပ်စေးနည်းလွန်းတာလေ သူများတွေဆိုယောကျာ်းကိုအခန်းထဲထည့်ပိတ်ပြီးချစ်စေချင်ကြတာ တွေ့တာနဲ့နှင်နေတာဆိုလို့ ဘေဘီပဲရှိတယ် "
"ကိတ်ပြီးအောင်စားမယ် "
"ပြီးရင်? "
"အချိုရည်သောက်မယ် "
"သွားတော့ ကိုယ့်အပေါ်လာမမှီနဲ့ အယုတ်တမာလေးပဲ "
"အယုတ်အပဲ့ယောကျာ်း ၊ လူကို တကယ်တွန်းချရလား "
" ကိုယ်အတည်ပြောနေတာ စိတ်ညစ်တယ် "
ရှောင်းကျန့်နည်းနည်းတော့သနားသွားတယ် ။ သူလည်းအချစ်ဆိပ်တက်နေတာပါပဲ ။ အစာစားနေတုန်းရှုပ်တာပဲမကြိုက်တာ ။
"အချိုရည်သောက်ပြီးရင် မောင့်ကိုအချိုတည်းမယ်လေ... စိတ်ညစ်သေးလား? "
"တကယ်လား "
"တကယ် အဲ့ဒါမို့ဖုန်းပြောခွင့်ပြုဦး "
Cai Ding ဆီကဖုန်းဝင်လာတော့ ပြန်ကပ်လာတဲ့မောင့်ကိုတွန်းလိုက်တယ် ။ Xiang Kong က မကြိုက်လို့သူရောက်ထဲကမဆက်ဖြစ်ခဲ့တာ ။ Cai Ding ဘက်က ဆက်လာတော့မကိုင်လို့မရ ။
"ပြော ... ကိုယ် သွားဝယ်လိုက်ဦးမယ် "
ကုန်နေတဲ့အကာအကွယ်ပစ္စည်းဘူးကိုခါကြည့်ရင်းရိပေါ်ထသွားလိုက်တယ် ။
"Cai Ding "
"ဘာလုပ်နေတာလဲ "
"မောင်ကချစ်သူများနေ့ဆိုပြီး လက်ဆောင်ပေးလို့လေ အဲ့ဒါနှစ်ယောက်ထဲပါတီသေးသေးလေးလုပ်နေတာ ၊ ဒီမှာချောကလက်တွေအရမ်းစုံတယ် "
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.