ရိပေါ် 15 နှစ်အရွယ်မှာ ယောကျာ်းလေးချင်းကိုအနိုင်ပိုင်းနိုင်တဲ့ Fighter ဖြစ်ရတာကိုပျော်ခဲ့တယ် ။ ရန်မစလာရင်တောင် ဘယ်ကောင်များအကြည့်တစ်ချက်မှားမလဲစောင့်ကြည့်ရင်း သွေးထွက်သံယိုဖြစ်အောင်ချရင်းထိုးလှဲပစ်ချင်တာက အာသီသ ။ရိပေါ်အသက် 16 နှစ်အရွယ်မှာ ဘစ်ကနီနဲ့ကောင်မလေးတွေကိုကြည့်ရတာကောင်းတယ်လို့ထင်လာတယ် ။
ရိပေါ်အသက် 17 နှစ်မှာ နံရံပေါ် graffiti ရေးဆွဲပြီး ရဲတွေကလက်ကလွတ်အောင်ပြေးရတာကပျော်ရွှင်မှုလို့ခံစားရတယ် ။
ရိပေါ်အသက် 18 နှစ်မှာ ဆေးသုံးရတာက နိဗ္ဗာန်။
ဒါပေမဲ့ သူကဆေးကျွန်ဖြစ်မသွားဘဲဆေးကိုထိန်းချုပ်ပြီး ခိုင်းစေရတာမျိုးပဲသဘောကျတဲ့သူ ။ ဆေးစွဲလာပြီထင်တဲ့အချိန် သူဆေးကိုဖြတ်ခဲ့တယ် ။ရိပေါ်အသက် 19 နှစ်မှာ ဆေးဖြတ်နိုင်ခဲ့တာကဂုဏ်ယူစရာလို့ထင်တယ် ။ အသစ်အဆန်းတွေလုပ်ကြည့်ရင်း စိန်ခေါ်မှုအပြည့်နဲ့ဘဝကိုခဏရပ်ထားလိုက်ပြီး တစ်နှစ်ကျော်လောက်လူလိုသူလိုကြိုးစားဖြစ်ခဲ့တယ် ။ အေးဆေးနေရင်းနဲ့ပဲ သူလူတွေကိုစိတ်မဝင်စားဖြစ်တော့တာအခုချိန်ထိပဲ ။
ယခုအသက် 21နှစ်အရွယ်မှာတော့ ဆံပင်လိမ်ကောက်ကောက်နဲ့ အမြဲပုန်းအောင်းနေတတ်တဲ့ ကောင်လေးကိုချောင်းရတာ နောက်ထပ်အသစ်အဆန်းဖြစ်လာခဲ့ပြန်ပြီ ။
မနက်ပိုင်း ဒယ်ဒီ့အလုပ်မှာကူလုပ်ပြီးပြန်လာတိုင်း တစ်ဖက်အိမ်ဆီငေးရတာက ရိပေါ်ရဲ့အချိန်ပိုင်းအလုပ် ။
ဒီနေ့နဲ့ဆို Company မှာလုပ်တာသုံးရက်ရှိပြီ ။ အလုပ်ကပြန်တာနဲ့ ကားကိုဂိုဒေါင်ထဲသွင်းပြီး ကြိုနေတဲ့မာမီ့ကိုသူခပ်ဖွဖွနမ်းတယ် ။ အခန်းထဲရောက်တာနဲ့အဝတ်တွေကိုတစ်ဆင့်ချင်းချွတ်ရင်းဘေးဝရံတာဆီထွက်တယ် ။ ဘေးဝရံတာမှာပဲအဝတ်ဆက်ချွတ်ရင်း ကောင်လေးကိုငေးမယ် ။ ခါးပါတ်အထိချွတ်ပြီးရင် အကွယ်ကနေမသိမသာ ချောင်းကြည့်နေတတ်တဲ့မျက်ဝန်းလေးက လုံးဝပျောက်ကွယ်သွားပြီ ။
"အတော်ရှက်တတ်တာပဲ "
ကောင်လေးပျောက်သွားတာနဲ့ ရေချိုးပြီးနောက် မိသားစုနဲ့အတူညစာစားတယ် ။ သူအပေါ်ပြန်တက်တဲ့အချိန်ကောင်လေးက စားပွဲမှာစာလုပ်တဲ့အချိန်နဲ့ကွက်တိပဲ ။ ထိုအချိန်မျိုးဆို အမှတ်တမဲ့အကြည့်ချင်းဆုံရင် သူမျက်စိတစ်ဖက်မှိတ်ပြမိတယ် ။ ဒီဖြစ်စဥ်ဟာ တကျော့ကျော့ဖြစ်နေတာဒါနဲ့ဆိုသုံးရက်မြောက်ပေါ့ ။
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.