Screen ပေါ်က Click က Font အနေအထားကြောင့် cl နှစ်လုံးပိုကပ်ပြီး အဓိပ္ပါယ်သစ်နဲ့စာလုံးကိုဖော်ပြနေတယ် ။
"အဟွန်း "
" သွားလို့ရသေးဘူးလား "
ကျားရုပ်ဝတ်စုံကြီးနဲ့ ကျားခေါင်းကိုပိုက်ထားရင်း ဘေးကငုတ်တုတ်ထိုင်စောင့်နေတဲ့ရှောင်းလုံးပေါင်းကိုသူငုံ့ကြည့်လိုက်တယ် ။ ကျားတွေက
အဲ့လိုဖင်ကောက်တတ်ကြလို့လား? ဘေးဘေက ခါးမတ်အောင်အကျင့်ခံထားရတာမို့ခါးမတ်တာနဲ့အညီ ဖင်လေးကော့ထားသလိုဖြစ်နေတတ်သည် ။"သွားမယ်လေ "
လက်ကမ်းစာစောင်တွေကို ရိပေါ်ကူသယ်ပေးပြီး ကားသော့ဆွဲကာထွက်လာလိုက်တယ် ။ ကားအသစ်က ရှောင်းလုံးပေါင်းပျော်သွားအောင်
ပါကင်ထဲထိုးထားပြီးသား ။"ဟာ "
"ကြိုက်လား "
"ရှောင်းကျန့်စီးရတော့မယ် "
"ဟေး ဟေး ဝယ်ပေးတဲ့သူကိုကျေးဇူးမတင်ရသေးဘဲ ဘယ်တက်မလို့လဲ "
"မောင်နဲ့ရှောင်းကျန့်ကြားမလိုဘူးဆို "
ဟုတ်တယ် ။ သူပြောခဲ့တာ ။
"မင်းရယ် "
"ရှောင်းကျန့်ကျေးဇူးတင်ပါတယ် "
"ကိုယ်ကအနမ်းခံချင်တာလေ ၊ ကျေးဇူးတင်ပါတယ်ကို ဘာလုပ်ရမှာလဲ "
"အယ် မောင်ပဲ... ၊ ထားပါတော့ ကားမဝယ်ပေးလည်း မောင်အနမ်းခံချင်ရင် နမ်းပေးမှာပေါ့ "
"ဟား ချစ်တာကွာ "
တစ်ချက်နမ်းပြီးတာနဲ့တံခါးဖွင့်ပေးထားတဲ့ ကားပေါ်တက်နေတဲ့ရှောင်းလုံးပေါင်း ။ ခုံတွေကိုအရှေ့ရွှေ့ထားမိတာမို့ ဝတ်စုံအထူကြီးနဲ့ကားအကျယ်ကဆန့်မနေ ။
"ကားက ကားက ရှောင်းကျန့်နဲ့ မတော်ဘူး နည်းနည်းလေးတော့ကျပ်နေတယ် "
တင်ပါးလုံးလုံးက လှုပ်ရမ်းနေတဲ့အလျောက်ကျားမြီးကလည်းတခါခါ ။ CCTV မှာမပါစေချင်လို့ကာပေးမိတော့ ချက်ကောင်းကိုလာပွတ်သပ်တော့တာပဲ ။
"Jesus "
"ရှောင်းကျန့်ကိုကယ်ပါဦး "
ခုံကိုရွှေ့ပေးရင်း ပွတ်တိုက်ခံရမှုကြောင့်ဖောင်းလာတဲ့နေရာကိုငုံ့ကြည့်မိတယ် ။ အထဲဝင်ဖို့လုပ်နေတဲ့ခါးလေးကိုမချင့်မရဲဆွဲဖမ်းထားမိပြီးမှ ကားတိုင်းမှာ မှတ်တမ်းတင်ကင်မရာတွေပါနေနိုင်တာကိုသတိချပ်မိလို့ လွှတ်ပေးလိုက်ရတယ် ။
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.