-19-

5.7K 790 58
                                    

WARNING . . .

စိတ်ဆိုးရင် ချော့ရမှာပေါ့ ။ ကိုကိုက ရှောင်းကျန့်စိတ်ဆိုးရင်အမြဲတမ်းချော့တယ် ။ အဲ့ဒါဆိုရှောင်းကျန့်စိတ်မဆိုးတော့ဘူး ။

"ဘယ်လိုချော့ရမလဲဟင် ကိုကို "

ရိပေါ်မေးစေ့တစ်လျှောက် လက်ဝါးလေးနဲ့
ပွတ်လို့ သူတတ်သလောက်ဟိုနမ်းဒီနမ်းချော့ရင်း မျက်နှာငယ်နေတဲ့ကောင်လေးကြောင့်ရိပေါ်သက်ပြင်းချလိုက်တယ် ။

"ဘေးဘေက ကိုယ့်ကိုနည်းနည်းလေးတောင်
မချစ်ဘူး "

"ချစ်ပါတယ် "

"မချစ်ပါဘူး "

"ဟုတ် "

"ဟုတ်?  တကယ်မချစ်ဘူးပေါ့? "

"အယ် အယ်... ကိုကိုနဲ့ငြင်းနေရင် ပြန်စိတ်ဆိုးသွားမှာကြောက်လို့လေ "

"ထားလိုက်ပါတော့ ညစာသွားစားမယ် "

မှာထားတာတွေအဆင်သင့်ဖြစ်တာသေချာအောင်ဆိုင်ကိုဖုန်းဆက်ပြီး တစ်ဖက်က Ok ဆိုမှ
ရှောင်းလုံးပေါင်းကိုကားနဲ့ခေါ်လာခဲ့တယ် ။ ဆိုင်ထဲရောက်ရောက်ချင်း ပန်းစည်းပေးတဲ့အခါ ရှောင်းလုံးပေါင်းကမပျော်ပါ။

"First Date မဟုတ်ပေမဲ့ အတည်တကျ Date အဖြစ်လာကြတဲ့ရက်မို့ ကိုယ်ကပေးတာ မပျော်ဘူးလား "

"ပိုက်ဆံအပိုကုန်တယ်လေ ရှောင်းကျန့်အိမ်ကိုလည်းယူသွားလို့မရတော့ နောက်ဆိုလက်ဆောင်မဝယ်ပေးပါနဲ့လား ၊ ရှောင်းကျန့်က ကိုကိုနဲ့နေရရင်ကိုပျော်တာပါ "

"လိမ္မာလိုက်တာ ကိုကို့ကလေးက... အင်း ဒီကိုကိုကလည်း ဖြည့်ဆည်းပေးချင်နေတော့ခက်သား "

ဆိုင်ကြီးတွေမှာမစားတတ်လောက်ဘူးထင်ထားပေမဲ့ ဒါတစ်ခုတော့အတွေ့အကြုံရှိပုံရတဲ့
ဘေးဘေက Classic ဆန်တဲ့သခင်လေးပုံအပြည့် ။

စားသောက်ပြီးတော့ သိပ်မပြင်းတဲ့ဝိုင်တစ်ခွက်အတင်းတိုက်လိုက်တယ် ။ ဖျက်ဆီးချင်တာမဟုတ်ပေမဲ့ ရှောင်းလုံးပေါင်းကိုနည်းနည်းလေးတော့ဆိုးစေချင်တယ် ။ ရိပေါ်ကချည်းဆိုးနေရတာသိပ်မမိုက် ။ အူရိုင်းလေးကမူးချင်လာပေမဲ့
မရစ်တတ်ဘဲ ခပ်ပြုံးပြုံးနဲ့ငြိမ်နေတယ် ။

-BOYS-Where stories live. Discover now