Cai Ding ခြံပြင်ထွက်တော့ Xiang Kong ကလည်းကားပေါ်ကဆင်းလာတယ် ။
"မင်းဘာစောက်ချိုးချိုးသွားတာလဲ "
" အဖမ်းခံရလို့ထွက်ပြေးလာတာလေ ဘာစောက်ချိုးချိုးရမှာလဲ ၊ သတ္တိရှိရင်အခုထပ်ဖမ်းလေ ငါ့အဖေရှိတယ်မင်းလုပ်ရဲလား "
ဇောင်းလေးကြွပြီးအနောက်ကိုမေးငေါ့ပြကာမှ အဖေကရှိမနေတော့ ။ ဟ ။ သောက်ရှက်ကိုကွဲနေတော့တာပဲ ။ ကိုယ့်ပိုင်နက်မို့ ဖြဲချင်ပါတယ်ဆိုဗျာ ။
"Cai Ding "
"ဒီမှာ Xiang Kong ငါပြောပြမယ် မင်းစိတ်ကြီးအတိုင်းဖြစ်ချင်နေတာလေးခဏလျှော့ပြီးငါပြောတာနားထောင် "
"..."
"ထိုင်ပါလား ခြေထောက်ကညောင်းနေလို့ "
မာန်မကြွနိုင်တော့လောက်အောင် ပြေးလာရတဲ့ခြေတွေက ညောင်းချိနေပြီ ။ ခြံရှေ့ငုတ်တုတ်လေးထိုင်ရင်း Xiang Kong ကိုတမော့မော့ကြည့်ကာပြောနေရတော့ တိတ်တခိုးချိန်းတွေ့နေတဲ့စုံတွဲတွေအတိုင်း ။
"ဒီလိုကွာ မင်းနဲ့ငါနဲ့ရန်စလေးတွေရှိခဲ့တယ် ၊ နောက်တော့ မင်းနဲ့မတော်တဆမှားမိတယ် အဲ့ဒါ..."
"မတော်တဆမှားယွင်းမှုဆိုတဲ့စောက်စကားထပ်မပြောနဲ့ ငါမှားလုပ်တာမဟုတ်ဘူးလို့ပြောပြီးသား ၊ တွေ့ရာလူတက်ခွတဲ့အောက်တန်းစားထဲငါမပါဘူး "
"ဟ အဲ့ဒါဆို မင်း သိသိရဲ့လုပ်တာက ဗလက္ကာရပြုတာပဲ ၊ အဲ့ဒါအမှုပိုကြီးတာမင်းသိလား တရားစွဲလို့ရတယ် ၊ စောက်ဘောစိကြီးရဲ့ ငါ့ကိုစောက်ကြောကြီးနဲ့လာပြောနေ "
"မင်းကျေနပ်နေခဲ့တယ်လေ "
"ဟ... မျက်လုံးပေါက်ထွက်မတတ်အော်ဟစ်ငိုယိုနေခဲ့တာကိုကျေနပ်ပါတယ်လို့ထင်ရအောင် မင်းအဖေကြီးသင်ထားတာလား "
"မင်းမရုန်းခဲ့ဘူး "
"ရုန်းလို့ရလား မင်းသေမလိုတက်ချုပ်ထားတာ "
" မင်းသာမုန်းရင်ကိစ္စတွေလွယ်လွယ်လေးပြီးမသွားဘူး ၊ အဲ့ညကမင်းမုန်းမနေခဲ့တာသေချာတယ် "
"မင်းတွေးလေကွာ ၊ ရုန်းလို့လည်းမရ အော်လို့လည်းမလွှတ် ငါငြင်းလေမင်းစောက်
အားကြီးသုံးလေနဲ့ မလွတ်မဲ့အတူငြိမ်ခံနေလိုက်တာကွာ "
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.