-41-

4.7K 626 35
                                    

"မာမီ့သား လူဖြစ်သွားပြီမာမီ ၊ ကလေးလိုသဘောထားပြီးဆူဆဲမနေနဲ့ဗျာ လူသားဆန်ဆန်လေးစားပေးတော့ "

ရှောင်းကျန့်မျက်နှာရဲသွားပြီး ပြင်လာတဲ့နို့ခွက်ကိုကမ်းပေးလိုက်တယ် ။ မောင်ကမျက်စိမှိတ်ပြရင်း သူ့လက်ကလေးကိုပါယူနမ်းပါတယ် ။

"အင်းပါ သားဂရုစိုက်ပါတယ် ၊ မာမီ့သားမက်လိုချင်တာလေးပြန်ယူပေးပြီးရင်ထွက်သွားတော့မှာ "

"စကားပြောချင်လို့လား ၊... ဘေးဘေ မာမီကစကားပြောချင်လို့တဲ့ ပြောလို့အဆင်ပြေလား "

"ပေး"

ရှောင်းကျန့်ဖုန်းကိုယူပြီးအသံချိုချိုလေးနဲ့နှုတ်ဆက်လိုက်တယ် ။

"ရှောင်းကျန့် ဒီကြားထဲ သေချာနှုတ်မဆက်မိတာ တောင်းပန်ပါတယ်နော် "

"ဟုတ်ကဲ့ အန်တီ "

တစ်ဖက်ကမာမီက မေမေလို့ခေါ်ခိုင်းတော့ရှောင်းလုံးပေါင်းက သူ့ကိုမော့ကြည့်လာတယ် ။
ရိပေါ်ခေါင်းအသာညိတ်ပြရင်း ပြုံးလိုက်တယ် ။

"မေမေ "

"စိတ်မပူပါနဲ့နော် မောင်ကရှောင်းကျန့်အပေါ်
ကောင်းပါတယ် "

"လိမ္မာပါတယ် မေမေရဲ့"

"အနိုင်မကျင့်ပါဘူး "

"ကိုယ့်ကိုပေးတော့ ၊ ဟဲလို မာမီဖုန်းချလိုက်တော့မယ် လုပ်စရာရှိလို့ "

"မောင်ကလည်း ဘာမှတောင်မပြောရသေးဘူး ၊ ဘာလို့ချတာလဲ "

"ဟ ပူပူနွေးနွေးကြင်စဦးလေကွာ ၊ ဘယ့်နှယ့်လေပေါချင်နေတာလဲ "

"ပျင်းလို့ပေါ့ မောင်နဲ့ရှောင်းကျန့်ပဲရှိတာလေ ၊ ချစ်တာတော့ချစ်တာပဲ မောင့်မျက်နှာကြီးတော့တစ်ချိန်လုံးထိုင်ကြည့်မနေချင်ဘူး "

"ကြည့်စမ်း ဒီအချိန်ထဲဒီစကားပြောပြီ "

"Cai Ding ကိုဖုန်းဆက်ကြည့်ဦးမယ် ၊ မေ့နေတာ "

"သူ့နံပါတ်အလွတ်ရတယ်ပေါ့ "

"ရှောင်းကျန့်က ​ ဂဏန်းတွေမှတ်တာတော်တယ်လေ "

"ကိုယ့်ဟာဘယ်နှလက်မရှိလဲ "

ရှောင်းကျန့်ကမသိယောင်ဆောင်ပြီး ဖုန်းကိုသာကတောက်ကတောက်လုပ်နေတယ် ။

-BOYS-Where stories live. Discover now