-39-

4.9K 621 35
                                    

"ထပ်လုပ်ချင်လို့ "

"ချီး... မင်းကစောက် straight ကြီးမဟုတ်ဘူးလား "

"ငါ့ဘာသာဘာဖြစ်ဖြစ်မင်းကိစ္စမဟုတ်ဘူး ၊ မင်းကငါခိုင်းတာလုပ်ရင်ရပြီ "

"သွားသေလိုက်ပါလား ၊ ငါ့ကိုဘာကောင်များမှတ်နေလဲ "

"ငါနဲ့ဖြစ်ခဲ့တာမင်းစိတ်ထဲဘယ်လိုမှမနေဘူးပေါ့ "

အန္တရာယ်ရှိလာတဲ့အငွေ့အသက်ကိုခံစားမိတော့သူပြေးဖို့လမ်းရှာလိုက်တယ် ။ ဆိုင်ကယ်တွေက ထောင့်ပေါင်းစုံပိတ်ထားတာမို့ မျှော်လင့်ချက်တော့မရှိ ။

"စိတ်ထဲရှိရအောင် မင်းနဲ့အိပ်ဖူးတဲ့ဟာတွေလိုများ ထင်နေလို့လား ၊ မင်းဘာသာမူးမူးရူးရူးအထီးအမ မကွဲဘဲတက်လုပ်တာလေ  နစ်နာတာငါပါကွ "

"ငါလုပ်လို့မင်းကနစ်နာတယ်ပေါ့ "

"မင်းအလုပ်ခံရပါတယ်ဆိုပြီးအောင်လံထူစေချင်တာလား မင်းအချောင်းကရွှေထွက်လို့လား "

"မင်းနစ်နာတယ်ဆိုတာဝန်ယူပေးမလို့ ...လေကြောကလည်းရှည်လိုက်တာ "

"တာဝန်ယူစရာမလိုပါဘူး စေတနာရှိရင်တော့နစ်နာကြေးလက်ခံပေးမယ်လေ "

ပြဿနာဘယ်လိုတက်တက် ငွေကတော့မက်ချင်သည် ။ သေရင်ကိုယ့်နောက်မပါဘူးဆိုတောင် အခေါင်းတော့ပိုလှတာပေါ့ ။ သင်္ချိုင်းမြေတွေစျေးဘယ်လောက်ကြီးလဲ ။ လက်ရာလှတဲ့အခေါင်းဆို စျေးကသောက်ရမ်းတွေကြီးတာ ။

"..."

"ထားပါ ၊ မင်းမေ့လိုက်တော့ ငါလည်း နနကိုကြိုက်မနေတော့ဘူး မင်းလွတ်လွတ်လပ်လပ်လိုက်လို့ရတယ် "

"နနက ငါ့နှမ "

"ဟမ် "

သူသိထားတာက နနကိုလိုက်လို့သူတို့ကြား
ရန်ညှိုးရန်စရှိနေတာ ။

"နေစမ်းပါဦး နနကမင်းနှမဆိုရင် ၊ အဲ့အချိန်က ဘာကိစ္စနဲ့ငါ့ကိုလိုက်ညိနေတာလဲ "

"မင်းအပူပါလား "

"ဟ "

Xiang Kong က သူ့ကိုအေးစက်စက်ကြည့်ပြီးဆိုင်ကယ်ပေါ်ပြန်တက်သွားတယ် ။

"စကားတွေကြာတယ် ၊ ဆိုင်ကယ်ပေါ်တက် "

"ငါအဖေ့ဆီပြန်ရမှာ ၊ အဖေ့ဆီမပြန်တောင်မင်းနဲ့ဘာဇယားမှမရှုပ်ချင်ဘူး မင်းဘာသာ ဘာတွေဖြစ်ဖြစ် .... အား "

-BOYS-Where stories live. Discover now