-5-

6.3K 888 47
                                    

အပေါ်ပြန်တက်လာတော့ ကောင်လေးက
လက်ကမ်းလို့ကြိုတယ် ။သူ့လက်ကိုအမှီပြုကာတက်စေချင်ပုံရတဲ့ကောင်လေးကျေနပ်အောင်
မလိုအပ်တဲ့အကူအညီကိုယူပြီးလက်နုနုလေးကိုထွေးဆုပ်မိတယ် ။

"ဘာသွားယူတာလဲ ကိုကြီးက "

"ကိုကြီးလို့မခေါ်နဲ့ ... ကိုယ့်မှာနံမည်ပြောင်ရှိတယ် ခေါ်ချင်လား? "

"အဲ့ဒါဘာလဲ "

"လောင်ကုန်းတဲ့ "

"အယ် ဟုတ်ဘဲနဲ့ "

"ဟုတ်ပါတယ်ဆို "

"အဲ့ဒါက ကိုယ့်ယောကျာ်း..."

"ဗျ "

"အယ် "

ထပ်ရှက်သွားလေမလားလို့ ရိပေါ်စောင့်မျှော်ပေမဲ့ကောင်လေးက ဟာသပြောပြတယ်ထင်ပြီး ပခုံးလေးတလှုပ်လှုပ်နဲ့ရယ်တယ် ။ Ok - Flirt တာကိုအေးဆေးမှအချိန်ယူကြတာပေါ့ ။

"ရော့... ကိတ်မုန့်နဲ့ချောကလက် ဘယ်ဟာစားချင်လဲ "

"ဆယ်နာရီကျော်သွားပြီလေ စားလို့မှမရတာ "

"ဝရံတာဆိုတာအိမ်အပြင်ဘက်မှာပဲလေ ၊ မင်းအိမ်ထဲမှာပဲစားလို့မရတာမလား "

"ဒါပေမဲ့ စည်းကမ်းက... "

ကလေးဆန်တဲ့နည်းလမ်းတွေ မသုံးချင်ပေမဲ့ မတတ်နိုင် ။

"ဒါကိုမစားရင် ကိုယ်နောက်ခါအဖော်မလုပ်ပေးတော့ဘူး "

"ဟင် "

"စားမှ အခုလိုစကားပြောပေးမယ် ၊ အတူအဖော်ပြုပေးမယ် "

"မစားရင်မခေါ်တော့ဘူးပေါ့ "

ငိုမဲ့မဲ့ဖြစ်သွားတဲ့မျက်နှာက ချစ်မွှေးအပြည့်ပါပေမဲ့ ဒီလိုဖြစ်နေတာကိုပဲ သူနှမျောမိတယ် ။

"စားမယ်နော် "

မုန့်ထဲအဆိပ်ခတ်ထားသလိုတို့စိစိစားရင်း ရှောင်းကျန့်ကရိပေါ်ကိုလှမ်းကြည့်နေတယ် ။ အဝတ်မကပ်သေးတဲ့ကိုယ်က ရာသီဥတုနဲ့
ဆန့်ကျင်ဘက်ခံစားချက်ရှိပုံရတယ် ။

"ပူအိုက်နေရင်ကျအနွေးထည်အထူကြီးဝတ်ပြီး အခုကျဘာလို့အဝတ်မဝတ်တာလဲ "

"ပါပါးမရှိလို့ပေါ့ "

"ဘာ? "

"ပါးပါးက ကျွန်တော့်ကိုမြင်ရင်အမြဲစိတ်မကြည်တာ လက်သေးတာတို့ ပိန်တာတို့ အသားအရောင်မလှတာတို့... ပါပါးတို့စိတ်ရှုပ်မှာစိုးလို့မမြင်ရအောင်ဖုံးထားတာလေ "

-BOYS-Where stories live. Discover now