ရှောင်းကျန့်သဘောအရ ရှောင်းကျန့်ညီမကိုသူ့ရုံးမှာအလုပ်ပေးခဲ့တယ် ။
"ဆရာ... ဒါက စာရင်းဇယားပုံစံသစ်ပါ ညီမသုံးမျိုးခွဲလုပ်လာခဲ့တယ် "
အကြမ်းဖျဥ်းကြည့်ရုံနဲ့ပြည့်စုံကောင်းမွန်တဲ့စာရင်းတွေကိုကြည့်ပြီးသူခေါင်းညိတ်လိုက်တယ် ။ လူတိုင်းသဘောကျနိုင်မဲ့ ထူးချွန်ဝန်ထမ်းပဲ ။ နောက်ခံကောင်းသူဖြစ်သော်ငြား လက်ထောက်ဝန်ထမ်းတွေခေါ်သလိုဆရာဟုသာတရိုတသေခေါ်ကာ အထက်လူကြီး စိတ်အလိုကျအောင်လည်းနေပေးတတ်သေးသည် ။
သူတို့စကားပြောနေတုန်းရှောင်းကျန့်ကဝင်လာပြီး အသံပြုမဲ့ပါးစပ်လေးကိုပိတ်သွားခဲ့တယ် ။
"သူဌေး...ပြဿနာလေးရှိလို့ "
"ဘာကိစ္စလဲ? "
"ဟို... ဆိုင်ခွဲတစ်ခုကနေဝယ်သွားတဲ့အိတ်က အတုဖြစ်နေလို့တဲ့ "
"ဘယ်လို? "
"Cosmo ဆိုင်ကနေ တိုက်ရိုက်ဝယ်ယူသွားပေမဲ့ အိတ်ကအတုဖြစ်နေတာ "
"လောလောဆယ်တာဝန်ရှိသူတွေကိုဆက်သွယ်ပြီး မတိုင်ခင် ရှောင်းကျန့်တစ်ချက်သွားထိန်းထားလိုက် "
"ဟို... ဆရာ ၊ ကိုကိုကလေ လူကြောက်တတ်တယ် ဒီလိုပြဿနာအတွက်သွားရရင်သူကြောက်နေမှာ ကျွန်မကိုကို့ကိုအဖော်လိုက်ပေးလို့ရလား ၊ ပြဿနာကိုပြီးသွားအောင်ရှင်းပေးနိုင်မယ်လို့ယုံကြည်ချက်ရှိပါတယ် "
"ဘာအတွက်လဲ ၊ မင်းတို့လုပ်ငန်းနဲ့ပြိုင်ဘက်လိုဖြစ်နေတဲ့ brand လေ "
"ကျွန်မကလက်ရှိဒီမှာလုပ်နေတာလေ... ဘယ်ရာထူးလေးနဲ့ဖြစ်ဖြစ် တစ်ရက်လောက်ပဲလုပ်ရမယ်ဆိုရင်တောင် ဒီလုပ်ငန်းရဲ့တိုးတက်မှုနဲ့ဂုဏ်သိက္ခာအတွက် ကျွန်မတတ်နိုင်သမျှကြိုးစားပေးချင်လို့ ၊ အခုလောလောဆယ်ကျွန်မကဒီလုပ်ငန်းကလူပါ ၊ ပြီးတော့ ကိုကို့ကိုလည်းစိတ်ပူလို့ "
" ကိုကိုကရတယ် ၊ ညီမလေး အလုပ်ကလည်းပင်ပန်းနေမှာ... ကိုကိုပဲလုပ်လိုက်မယ်နော် "
"ကိုကိုဆေးရုံတက်တုန်းကတောင် သူနာပြုတွေကိုကြောက်လို့သတိလစ်သွားသေးတာလေ ၊ မိသားစုချင်းတွေ့ဆုံတော့လည်းရွယ်တူတွေကိုတောင်ကြောက်နေလို့ အမြဲအနိုင်ကျင့်ခံရတာ ၊ ညီမလေးစိတ်မချလို့ "
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.