အဖိုးဖြစ်သူရှေ့ထွက်မရတဲ့ကိစ္စမှာ လင်မယားနှစ်ယောက်ရဲ့အမှုကိစ္စကြားနာစစ်ဆေးမှုတိုင်းအတွက် ရှောင်းကျန့်ကတရားလို ။ အဖိုးသာ
ပြန်ထွက်ပေါ်လာရင် မီဒီယာတွေရဲ့အာရုံကလည်းစုပြုံလာလိမ့်မယ် ။ ယခုတောင် လူစိတ်ဝင်စားတဲ့အကြောင်းအရာထဲပါဝင်နေပြီမို့ ရှောင်းကျန့်မျက်နှာကိုသိုဝှက်ဖို့ကအတော်လေးခက်လာခဲ့သည် ။ ကိစ္စတွေပြီးရင် အဖိုးဘယ်လို
ဆက်စီစဥ်မယ်မသိပေမဲ့ သူကတော့ဝေးရာသာထွက်သွားချင်တော့တာအမှန် ။ လတ်တလောမှာတော့ ဖြုတ်ချထားတဲ့နေရာတွေအတွက်အမွေဆက်ခံသူဖြစ်တဲ့ရှောင်းကျန့်ကပဲနံမည်ခံတာဝန်ယူကာဖြေရှင်းပေးနေရတယ် ။ နောက်ကွယ်ကနေ သင်ပေးသမျှကျက်ပြီး ဟန်ဆောင်နေရတဲ့ဘဝကအဆုံးမသတ်နိုင်သေး ။ မောင်ကတော့သူ့ကို လုပ်ငန်းပြိုင်ဘက်ကြီးတစ်ယောက်အဖြစ်မျှော်လင့်နေမလားမပြောတတ် ။ရှောင်းကျန့်ကိုကူဖို့ ရှောင်းမိသားစုလုပ်ငန်းအသစ်တိုင်း စိမ့်ဝင်ထားတဲ့ မောင်ကလည်း
ပွဲတိုင်းမှာမျက်နှာပေါ်လာတယ် ။ ထူးဆန်းစွာနဲ့ ရှောင်းကျန့်အနားကပ်လာတာမျိုး၊ အတင်းအကျပ်လုပ်တာမျိုးမရှိ ။ စီးပွားရေးပါတနာအဖြစ်သာအေးအေးလူလူဆက်ဆံသည်။အလုပ်ကိစ္စတွေပြတ်သွားပေမဲ့ အမှုကိစ္စတွေကတော့ကြာရှည်နေဆဲပင် ။ ကလေးသူငယ်
စောင့်ရှောက်ကာကွယ်ရေးဥပဒေအားနည်းတဲ့အလျောက် ကလေးတစ်ယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာထိခိုက်စေသည့်အပြင်သေဆုံးသည်အထိဖြစ်ခဲ့ရတဲ့မှတ်တမ်းဟာထင်ရှားသော်လည်း တရားခွင်ထဲ လျှောက်လဲချက်တွေရနေနိုင်တုန်း ။ အဖိုးဖြစ်သူက သူ့ရဲ့ဆိုးယုတ်တဲ့ကစားကွက်တွေကိုဖုံးထားချင်တာမို့ အတွင်းရေးအရှုပ်အရှင်းတွေကိုမြှုပ်နှံလိုက်ရာမှာ ရှောင်းစန်းတို့အနေနဲ့ သားသမီးကိုကောင်းစားစေချင်လို့တင်းကျပ်စွာစီမံခဲ့မိသည့်မိဘတွေနေရာမှာသာ ရောက်ရောက်သွားတာဖြစ်တယ် ။ကံကောင်းစွာနဲ့ မေမေကြီးရဲ့လူယုံဖြစ်ခဲ့သူက ရှောင်းကျန့်တို့ဘက်ဝင်ရောက်လာမှသာ ပြစ်မှုကထင်ရှားတဲ့ဘက်ဦးတည်လာနိုင်တာဖြစ်သည် ။
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.