-53-

4.6K 556 38
                                    

"ဘယ်နဂါးလဲ "

"မင်းကျောကတက်တူးလေ "

"အဲ့ဒါမိချောင်းပုံ ငတုံးရဲ့ "

"..."

"ဘာလုပ်ဖို့မေးတာလဲ "

Xiang Kong က အဝတ်စနဲ့ရေဇလုံပြန်ယူလာပြီး Cai Ding ကိုသန့်ရှင်းပေးတယ် ။ ပုံမှန်အားဖြင့်တော့ Cai Ding အဲ့ဒါကိုမကြိုက်ပေမဲ့ အတူအိပ်တိုင်းလူကမလှုပ်ချင်တော့တာအမှန်ပဲမို့ ငြိမ်ခံနေလိုက်တယ်။

"ဒီအတိုင်းသိချင်လို့ "

"မပြောတတ်ဘူး ၊ ဘယ်သူမှမမြင်ဖူးဘူးထင်တယ် "

"အရုပ်က မင်းပေါင်အထိရှည်တာ...မင်းဘောင်းဘီအထိချွတ်မှမြင်ရမှာမျိုးနော် "

"ငါသိပြီ....  မင်းကပထမဆုံးပဲ ၊ ငါအရင်ကဘယ်သူနဲ့မှမအိပ်ဖြစ်ဘူး "

"ဘာလို့လဲ "

"မပြောတတ်ဘူး အလုပ်အရမ်းများလို့နေမယ် "

"မင်းတစ်သက်လုံးမမာဖူးဘူးပေါ့? "

"မင်းမှာမရှိသလိုမေးနေပြန်ပြီ "

"မင်းပုံစံကသည်းမခံနိုင်လောက်ဘူးထင်လို့ ၊ လော်ပန်အများစုက တစ်ညကိုမိန်းမတစ်ယောက်လို့တောင်ကြားဖူးတယ် ...  မင်းလိုငယ်ငယ်ချောချောလေးဆို ပိုတောင်ဆိုးမယ်ထင်တာ "

"ငါ့အဖေကမင်းပြောတဲ့လော်ပန်မျိုးပဲ ၊ သူ့အခန်းထဲကထွက်လာတဲ့မိန်းမတွေဘယ်လောက်များလိုက်သလဲ ဒါတောင်ငါ့ဘာသာလျှောက်သွားတုန်းတွေ့တာတွေပဲရှိသေးတယ် ၊ အဲ့ဒါကြောင့် ဘယ်မိန်းမနဲ့မှမလုပ်နိုင်ဘူး "

"မင်းပင်ပန်းခဲ့မှာပဲ ၊ မင်းအဖေကိုမမုန်းဘူးလား "

"ဟင့်အင်း ငါကအမေ့ကိုမုန်းတာ ဘာပဲပြောပြောငါ့အဖေက ငါ့ကွယ်ရာမှာပဲအပျော်ရှာတာ ၊ ငါ့ကိုလည်းဂရုစိုက်တယ် ၊ ငါ့အမေကတော့... တော်တော်ဆိုးတယ် "

"မင်းအဖေနောက်မိန်းမတွေနဲ့ကလေးယူတာကိုရော စိတ်မနာဘူးလား "

"ငါ မွေးခိုင်းတာ ငယ်ငယ်ကအငယ်လေးတစ်ယောက်လိုချင်လို့လေ..အမေ့ဆီကတော့မလိုချင်ဘူး၊ငါသဘောအကျဆုံးက နနတို့သားအမိပေါ့ ၊ နနအမေကလည်းကောင်းတယ်... ငါ့အမေထက်တော့ကောင်းကြပါတယ် "

-BOYS-Where stories live. Discover now