-58-

10.6K 671 65
                                    

လေယဥ်ကွင်းထဲ ရှောင်းကျန့်ကိုအဝတ်သေချာပြင်ဝတ်ပေးနေတဲ့ Cai Ding က သူကိုယ်တိုင်တော့ခေါင်းပင်မဖြီးခဲ့ ။

"အဆာပြေမုန့်ထုပ်ပါရဲ့လား "

"မောင့်အိတ်ထဲမှာ "

"ပြန်ရောက်တာနဲ့ဖုန်းဆက်နော် "

"ဟုတ် ၊ Cai Ding လည်း Xiang Kong နဲ့အများကြီးပျော်နေနော် "

"စောင့်ကြည့်ရမှာပေါ့ ညကတောင်တစ်ပွဲသတ်ထားရသေးတယ် "

"Cai Ding ကိုပဲ ကြည့်ရမှာပါ ၊ မဖောက်ပြန်နဲ့ဦးနော် "

"ချီးထုပ်လေး မင်းကဘယ်သူ့လူလဲ ၊ တကယ်ဆိုငါသူ့ကိုချစ်တယ်လို့တောင်မပြောရသေးဘူး "

"Cai Ding လူလေ ၊ အဲ့ဒါမို့ Cai Ding ရဲ့ဘုရားပေးတဲ့ဆုကို Cai Ding လက်နဲ့ဖျက်ဆီးပစ်မှာမျိုး မလိုချင်ဘူး "

"မင်းက Xiang Kong Fan ပဲ ၊ တစ်ချိန်လုံးညှော်နေတယ် သူနဲ့ယူလိုက်ပါလား "

"ရှောင်းကျန့်မှာယောကျာ်းရှိတယ် အဲ့လိုမစနဲ့ "

"အဲ့လောက်တောင်ချစ်တာလား "

"Cai Ding ချစ်ကြည့်လေ အဲ့ဒါဆိုသိလာလိမ့်မယ် "

Cai Ding က တိတ်ဆိတ်နေရင်း Xiang Kong ကိုလှည့်ကြည့်တယ် ။ ရှောင်းကျန့်လိုနားပူနားဆာလုပ်တာ ၊ဂျီတာရှားတဲ့လူက အတင်းတိုက်တွန်းနေတာမို့ ပေါ့ပျက်ပျက်မဟုတ်မှန်းသူသိတယ် ။

လေယာဥ်ထွက်ခွာချိန်နီးလို့ခရီးသည်တွေကိုနောက်ဆုံးအကြိမ်ခေါ်တော့ Cai Ding လက်သီးတင်းတင်းဆုပ်လိုက်တယ် ။

"Xiang Kong ငါ အတည်ပြုချင်တာရှိတယ် "

"ဟင်? "

"ငါတို့ခဏခွဲနေရအောင် "

. . .

ခြံဝန်းထဲက သစ်ပင်ကြီး ရွက်နုသစ်ထွက်ချိန် Cai Ding ရောက်လာခဲ့တာ ။ အခုဆိုအရွက်စိမ်းဖားဖားတွေတောင်ဖြစ်နေပြီ ။ သီးကင်းပန်းခက်လေးတွေတောင်ဝေနေပါပေါ့ ။ နှစ်လကြာကုန်ဆုံးခဲ့တဲ့အချိန်အတွင်းသူ Xiang Kong ကိုလုံးဝမဆက်သွယ်ခဲ့ ။ ရှောင်းကျန့်တို့နဲ့အချိန်အတူဖြုန်းသလို အရင်လိုပေတေလေလွင့်ပစ်တာလည်းရှိတယ် ။

Xiang Kong ကလည်းကတိအတိုင်း သူ့ကိုလွှတ်ထားပေးတယ် ။ ခံစားချက်ကဘယ်လိုနေလဲမေးရင်သူ.... Xiang Kong ကိုသေအောင်လွမ်းတယ် ။ ရောက်ရောက်ချင်း တစ်လမှာသူအရမ်းပျော်ခဲ့တယ် ။ တစ်ချက်တစ်ချက်သတိရတာမျိုးရှိပေမဲ့ စာဖွဲ့ပြစရာမဟုတ်ခဲ့ ။

-BOYS-Where stories live. Discover now