-7-

6.2K 866 85
                                    

ညနေစောင်းတာနဲ့ ရှောင်းကျန့်တို့အိမ်ထဲ တန်းစီနေတဲ့အလုပ်သမားတွေကိုကြည့်ပြီးရိပေါ်နှာခေါင်းရှုံ့လိုက်တယ် ။ အိမ်မှာတော့ မာမီကသူမနိုင်တဲ့အလုပ်တွေအတွက်သာ လူခေါ်တယ် ။ ယာဥ်မောင်း၊ သန့်ရှင်းရေးနဲ့ခြံစောင့်နေရာ လူငါးယောက်ပဲခေါ်ထားပြီးထိုလူတွေကိုလည်း မိသားစုသဘောထားတယ် ။

အရေးကြီးတာကဒါမဟုတ် ။ မိဘတွေကိုနှုတ်ဆက်နေတဲ့ရှောင်းကျန့်အကြည့်လေး မိမိခြံဘက်ရောက်လာတာနဲ့သူမျက်စိမှိတ်ပြလိုက်တယ် ။ အလန့်တကြားအကြည့်လွှဲသွားတဲ့ကောင်လေးက ဘယ်သူမှမမြင်လိုက်တာသေချာတော့မှ ရှက်ဝဲဝဲလေးပြုံးနေတယ် ။ Hoodie အပွကြီးကြောင့်ချွေးစလေးတွေလည်းရွှဲလို့ ။

ရှောင်းကျန့်အိမ်ထဲမဝင်သေးခင် အချိန်ကိုက်တစ်ဖက်အိမ်ကအခန်းထဲရောက်အောင် ဝင်သွားပြီးအိပ်ယာပေါ်လှဲနေလိုက်တယ် ။ တံခါးဖွင့်သံကြားတော့ စောင်အောက်ဝင်ပုန်းရင်း အသားယူနိုင်မဲ့စနောက်နည်းကို အကြံရောင်စုံထုတ်နေမိပါတယ် ။ အိပ်ယာပေါ် ရှောင်းလုံးပေါင်းလေးထိုင်ချလာတော့အချိန်ကိုက်စောင်နဲ့အုပ်ရင်း တစ်ကိုယ်လုံးကိုဖက်ချုပ်ကာ အိပ်ယာပေါ်ပက်လက်လန်တဲ့အထိဆွဲချလိုက်တယ် ။

"ဟာ "

"ဘာဟာလဲ "

"ရောက်နေတာလားမြန်လိုက်တာနော် "

အသားယူနေတာကိုသတိထားမိပုံ ၊ စိတ်ရှိပုံမရတာကြောင့် ခါးလေးကိုပိုညှစ်ရင်း ကောင်လေးကိုယ်သင်းနံ့ကိုတဝကြီးခံစားလိုက်တယ် ။ သူ့လက်ချောင်းတွေကလည်း အသားယူတတ်တဲ့သူပီပီသသ ဟိုပွတ်ဒီပွတ် ။

"မြန်ရမှာပေါ့ လွမ်းနေတာကို "

"အင်းပါ ဒါပေမဲ့လေ ကျွန်တော်ခါးယားလို့ "

"ခါးယားတတ်တယ်ပေါ့ လာထား "

အပေါ်ကဖိထားရင်းကလိထိုးတော့ နှုတ်ခမ်းအုပ်ထားရင်းတွန့်တွန့်လူးလာတဲ့ ရှောင်းကျန့်က
အရယ်လွန်ပြီးမျက်ရည်ပါဝေ့အုလာတယ် ။ ခပ်ရဲရဲဝေ့လာတဲ့မျက်ရည် ၊ နီတက်လာတဲ့မျက်နှာနုနု ၊အသံမထွက်အောင် ခပ်ကြမ်းကြမ်းဆွဲကိုက်ထားတဲ့နှုတ်ခမ်းတွေ ။

-BOYS-Where stories live. Discover now