-44-

5.1K 636 62
                                    

ခြေရာဖျောက်နေရလို့လူကြားထဲမသွားနိုင်ပေမဲ့၊ ရိပေါ်အတွေးထဲမှာတော့စိတ်ရှုပ်နေတာမျိုးမရှိ ။  သူတို့ Honeymoon လေးကပိုချိုမြိန်နေတာကြောင့်ပျော်မိသည်။ ရှောင်းလုံးပေါင်းနဲ့သာ သာမန်ဆန်ဆန်ညားရင် နှစ်ယောက်သား တံခါးပိတ်နှပ်နေရဖို့ဆိုတာ အိပ်မက်လေးပဲဖြစ်သွားမယ် ။

အခုတော့ ကိုယ့်ကိုဇိမ်ခံလို့ရအောင်ပေါင်ပေါ်တင်ပြီးဆံပင်လေးတွေဖွပေးနေလိုက်တာငြိမ်ငြိမ်လေး ။

"ဘေဘီ "

"ဗျာ "

"Cai Ding နဲ့ကိုယ်နဲ့ဆို ဘယ်သူကပိုအရေးပါလဲ"

ပုံမှန်အားဖြင့်ရှောင်းကျန့်က ကလေးဆန်တယ်ထင်ရပေမဲ့ အချစ်ရေးနဲ့ပက်သတ်လာရင်တော့ရိပေါ်ကသာ အဘက်ဘက်ကနေ ကုပ်စီးတတ်တဲ့သူ ။ သူမနေနိုင်ပါ ။ ဒါကိုမတွေးဖို့ဆုံးဖြတ်ထားပေမဲ့သူသိချင်တယ် ။

ရှောင်းကျန့်က စိတ်ဆိုးစိတ်ရှုပ်သွားတာမျိုးမရှိဘဲသူ့ကိုပြုံးပြုံးလေးငုံ့ကြည့်လာတယ် ။

"Cai Ding ကလေ အခုလိုစွာတယ်ထင်ရပေမဲ့စိတ်တအားနုတဲ့ကောင်လေးရယ် ၊ မေမေကြီးတို့အိမ်ကအလုပ်သမားတွေတောင်ဘယ်လိုနေရလဲမောင်သိတယ်မလား?  အဖိုးအိမ်မှာကပိုဆိုးတာပေါ့ ၊ တကယ့်ဘုရင်ခေတ်ကလိုပဲခစားကြရတာ ၊ အဖိုးကပရဟိတလူမှုအကျိုးဆောင်မျိုးတွေငယ်ငယ်ထဲကလုပ်လာတာမောင်ရဲ့ ၊ အခုအလုပ်သမားတွေက အဲ့ကနေကယ်လာတဲ့သူတွေများတယ် ...အဖိုးကသူတို့ကယ်တင်ရှင်ဖြစ်နေတော့ ဘာနေနေ သစ္စာရှိရှိကျိုးနွံကြတာမျိုး "

"ကိုယ့်ကိုပိုချစ်တယ်မလား "

"ကဲ ပြီးအောင်တော့နားထောင်ပါဦး "

"ကိုယ်ကမင်းပဲချစ်တာ စတွေ့တာလည်းမင်းတစ်ယောက်ထဲ ၊  မင်းနောက်ကဟာတွေမှကိုယ်စိတ်မဝင်စားတာ "

"ဒါပေမဲ့သိထားရမယ်လေ ရှောင်းကျန့်ကအမှိုက်ပုံကကောက်ရလာတာမှမဟုတ်တာ "

"ကိုယ်က အမှိုက်ပုံကကောက်လာမိတယ်မှတ်တာ "

"တော်ပြီ မပြောတော့ဘူး "

"စတာ ၊ ဆက်ပြော "

"စကားမဖြတ်နဲ့နော် "

"ကိုယ့်ကိုပိုချစ်တာမလား?  ကိုယ် Spoil ခံရတာကြိုက်တယ် ဇာတ်သိမ်းကအဖြေအရင်ပြောပြကွာ "

-BOYS-Where stories live. Discover now