-33-

4.7K 683 16
                                    

မေမေနဲ့ရှောင်းယန်ရဲ့ပြာအိုးလေးကိုသေချာထုပ်ပိုးထားခဲ့ပြီး အိုဟောင်းနေတဲ့အိမ်သေးသေးလေးကို စွန့်ခွာလာခဲ့တယ် ။ အနက်ရောင် ခရီးဆောင်အိတ်ရဲ့ဘီးလုံးတွေကလည်း သူ့ဝန်ကိုသူထမ်းသွားကြတယ် ။

မောင်ဆိုတဲ့လူကဒီနေရာကိုရှာတွေ့သွားမှာပဲ ။
မျက်ကွယ်ရာမှာတွေ့တာနဲ့ မောင်ဘာတွေရူးရူးမိုက်မိုက်လုပ်မလဲသူမသိနိုင် ။ အနောက်တိုင်းဝတ်စုံထုတ်ပို့ထားတဲ့အိတ်ကိုကားနောက်ခန်းထဲထည့်လိုက်ပြီး ဒရိုင်ဘာကိုပြုံးပြလိုက်တယ် ။

"ရှောင်းကျန့်ကိုဆံပင်ဆိုင်အရင်ဝင်ပို့ပေးနော် "

ဆံပင်တွေအမြဲလိပ်နေအောင် အခန်းထဲခိုးဝှက်လုပ်နေခဲ့ရတဲ့ဒုက္ခကင်းသွားပေမဲ့ မောင်တယုတယပုံသွင်းပေးခဲ့ဖူးတာသတိရမိတော့လည်းသူမချိပြုံးပြုံးမိသည် ။

ဇာတ်လမ်းကဆက်ခွင့်မရှိတော့ပေမဲ့အခွင့်အရေးများရှိရင်မောင့်ကိုပြောပြချင်သေးတာ ။ လိမ်ညာခဲ့ပေမဲ့ မောင့်အပေါ်ဆန္ဒအရင်းနဲ့သာမြတ်နိုးမဝခဲ့ပါကြောင်း ။

သိပ်ထက်တဲ့မောင့်ကိုခပ်ရိုးရိုးရှောင်းကျန့်
လှည့်စားနိုင်ခဲ့တာက ရှောင်းကျန့်တော်​လို့မှမဟုတ်ပါဘဲလေ ။ မောင်ကိုယ်တိုင်က
ရှောင်းကျန့်အတွက်တုံးအပေးခဲ့တာ ။

ကားဖြတ်သန်းလာတဲ့လမ်းဘေးမြင်ကွင်းမှာ
ရေခဲမုန့်သီးသန့်ရောင်းတဲ့ဆိုင်လေးကိုတွေ့တော့သူခေါင်းလေးစောင်းတဲ့အထိလှည့်ငေးမိတယ် ။ မောင်မုန့်ဖိုးထုတ်ပေးပြီးသွားဝယ်ခိုင်းနေကျဆိုင်ရဲ့ ဆိုင်ခွဲလေးဖြစ်နေတာပဲ ။

"ရှောင်းကျန့်ရေခဲမုန့်စားချင်တယ် "

"သခင်လေး...  ဒီလူတွေနဲ့ရင်ဆိုင်နိုင်ဖို့
ပိုရင့်ကျက်မှဖြစ်ပါမယ် "

"ရှောင်းကျန့်... ရေခဲမုန့်လေးစားချင်ရုံပါ "

"နံရံတိုင်းမှာနားတွေရှိတယ်ဆိုသလိုပဲ သခင်လေးရဲ့ခြေလှမ်းတိုင်းကိုဂရုစိုက်သင့်တယ် "

"အင်းပါ ၊ ထားလိုက်တော့ "

မောင်သာဆိုရင်... ။

-BOYS-Where stories live. Discover now