Cai Ding က လူထူးဆန်းတစ်ယောက်ဖြစ်တယ်။
ငယ်ငယ်ထဲကကြီးလာတဲ့အထိသူမက်မောတာသိပ်မရှိ ။ တစ်ခုပဲ ။ သူသေရင်လှလှလေးသေချင်တာ ။ အခေါင်းလှလှလေး လိုချင်တယ် ။ မီးအရှို့မခံချင် ။ အကောင်လိုက်ပဲမြှုပ်ချင်တယ် ။အခေါင်းထိပ်မှာ မှန်တွေနဲ့ကာထားပြီးကြယ်တွေကြည့်လို့ရအောင်အပင်တွေလည်းရှုပ်မနေစေချင်ပါ ။ သူသဘောကျတဲ့ ချယ်ရီပင်လေးတစ်ပင်ရှိရင်ရပြီ ။ အခေါင်းရဲ့ထိပ်တည့်တည့်မှာ ရှိစေချင်တာပေါ့ ။ သူ့ရာသီရောက်တဲ့အခါချယ်ရီလေးတွေ အခေါင်းပေါ်ကြွေလာစေချင်သည် ။" သေသွားရင်ဘာမျှမသိတော့ " ဆိုတာသူမယုံပါ ။ သိရင်လည်းသိနေနိုင်တာပဲ ။ သေသွားရင်ဘာမျှမပြောနိုင်တော့ဆိုတာကတော့အမှန်တရား ။ သူသေရင်ဘာမှမပြောနိုင်တော့မှာကြောက်တယ် ။ အလောင်းတွေကို လောက်စားပစ်တာလည်းသူကြားဖူးတယ် ။ အဲ့ဒါမို့လောက်တွေမဝင်နိုင်အောင်လည်းသူ့ကိုကာကွယ်ပေးထားစေချင်တယ် ။ ကျွန်းအဖြစ်အခေါင်းကိုလျာထားခဲ့ပေမဲ့ သစ်သားကဆွေးမှာသူကြောက်သည် ။ သစ်သားအခေါင်းထဲ ရေတွေစိမ့်ဝင်လာပြီး ညတစ်ညမှာစိုစိုစိစိနဲ့အထီးကျန်နေရမဲ့ သူ့ကိုယ်သူစိတ်မကူးရဲ ။
အဖေက Xiang Kong ရောက်လာထဲက မျက်နှာတင်းတင်းနဲ့ထွက်သွားတာ ။ အဖေဆိုတော့လည်း သားဖြစ်သူရဲ့ဘာဘာညာညာကိစ္စတော့ရှက်ပုံရသည် ။ ဆိုးတာက Xiang Kong သောက်ခွက်ကြီးချောတာနဲ့ လူတိုင်းက Cai Ding ကိုစိတ်မပူကြတော့တာပဲ ။ အရင်က ဘယ်သူနဲ့တွဲတွဲစိတ်ပူတဲ့ ရှောင်းကျန့်ကအစ Xiang Kong အနိုင်ကျင့်တာကိုပြောပြရင် မသိယောင်ဆောင်နေတာ ။
Cai Ding ပျင်းတိပျင်းရွဲနဲ့ ရေချိုးကာထွက်လာလိုက်တယ် ။ ရှောင်းကျန့်လင်ရဲ့လူတွေနဲ့တွေ့ရဦးမယ်လေ ။ ရှောင်းကျန့်ချွဲရင်လည်းသူမနေတတ်။အဲ့ဟာလေးက အဲ့တစ်ကွက်နဲ့ညာခိုင်းလာတာတစ်သက်လုံးပဲ ။
ရှောင်းအိမ်ရဲ့ဖွဲ့စည်းပုံ ၊ လူအင်အား သိသမျှပြောပြရင်းသူကူညီနိုင်တာကူညီလိုက်တယ် ။ အိမ်ဖောက်ဖို့သူခိုးလမ်းပြနေတာကို အဖေသိရင်သူသွားတွေကျွတ်မှာ ။
"ဒါပေမဲ့ မင်းတို့ခက်ခဲမယ် ၊ အဲ့အိမ်က ကြောင်တစ်ကောင်ကြွက်တစ်မြီးတောင်ခိုးဝင်လို့မရဖူးဘူး "
YOU ARE READING
-BOYS-
Fiksi PenggemarIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.