Cai Ding ကံကလည်းဆိုးပါတယ် ။ စွပ်ပြုပ်ပဲသောက်တာတောင် လျှာကရအောင်ကျက်သွားသေးတယ် ။ Xiang Kong ကယုတ်ယုတ်မာမာနဲ့မွှေးပျံ့နေတဲ့အသားကင်ကိုသူ့နားလာစားပြတယ် ။
Cai Ding ရဲ့ဖုန်းမြည်လာတော့ Xiang Kong က ပိုင်စိုးပိုင်နင်းကိုင်တယ် ။
"ပြော ...မင်းမပြီးနိုင်ဘူးလား "
"အယ် Xiang Kong လား "
"အေး "
"သူအော်နေတာလား ?"
"မောင် နွားနို့အိုးတစ်ချက်ကြည့်ပေးထားနော် "
"ဒီနားလာပြော ဘေဘီ "
"အင်း အင်း ခဏလေး "
"ဘေဘီ "
ရှောင်းကျန့်အခန်းထဲရောက်မှ ဖုန်းကိုနားနားပြန်ကပ်လိုက်တယ် ။
"Cai Ding ရော "
"ကလေးမွေးနေတယ် "
"အယ် "
"ဘာကိစ္စလဲ မင်းတို့မှာလည်းပြောစရာကိုမကုန်နိုင်ဘူးလား "
"Xiang Kong ကလည်း ၊ ရှောင်းကျန့်မှာ Cai Ding ပဲဖုန်းဆက်စရာလူရှိတာကို "
"ဘေဘီ အဲ့လေသံနဲ့သူစိမ်းကိုမပြောနဲ့ "
"ကဲပါ အိုးကြည့်ပါဆိုလိုက်လာပြန်ပြီ "
"ဖုန်းချပြီ "
"အယ် နေပါဦး Cai Ding ရောလို့ "
"ငါဖုန်းသိမ်းထားတယ် သူနဲ့စကားမပြောရဘူး အရေးကြီးရင်ဒီတိုင်းပြော "
Cai Ding သည်းမခံနိုင်တော့ ။
"ငါ့ကိုဖုန်းပေး "
"သေလေ "
"Xiang Kong ငါ ရန်မဖြစ်ချင်ဘူး "
"ရန်မဖြစ်ချင်ဘူး? နေပါဦးဖြစ်ချင်ရင်ရော မင်းငါ့ကိုနိုင်မှာလား? "
Cai Ding စွပ်ပြုတ်ပန်းကန်ကိုဘေးဘက်တွန်းပြီးအိပ်လိုက်တယ် ။
"မင်းဆေးသောက်ရမယ် ထမျို "
"ဖုန်းပြန်မပေးရင် ငါမစားဘူး "
"ငါ့ကိုကစားနေတာပဲ၊ အာခံရင်ရလား Cai Ding? "
အသံတွေအရ Cai Ding အတင်းအကျပ်အစာကျွေးခံနေရပြီဆိုတာကို ရှောင်းကျန့်ရိပ်မိလိုက်တယ် ။ သူစိတ်တော့မပူပေမဲ့ ယောကျာ်းအားဆိုတာကလည်း မရည်ရွယ်ဘဲလက်လွန်တတ်တယ်မလား ။ တတ်နိုင်သလောက်ဘေးကတားနေပေမဲ့ ဟိုဘက်က Speaker ဖွင့်ထားရဲ့လားမသေချာ ။ မောင်ကလည်းသူများအတွင်းရေးဝင်ပါလို့ဘေးကဆူနေတော့တာပဲ ။
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.