-55-

4.3K 550 7
                                    

အဖိုးအသည်းအသန်ဖြစ်နေတယ်ဆိုတဲ့သတင်းရောက်လာတော့ရှောင်းကျန့်ခေါင်းဆက်မမာနိုင်ပါ ။ မောင်နဲ့အတူရောက်လာတော့အဖိုးက စိတ်လျှော့ထားသလို တိတ်ဆိတ်နေတယ် ။ မောင်ကတော့အခန်းထဲလိုက်မတွေ့ ။

"ဒီမှာဘယ်လောက်ကြာအောင်နေမှာလဲ "

"အဖိုးသာ ဘာမှမလုပ်တော့ဘူးဆိုရင် ၊ ရှောင်းကျန့်လည်းထွက်ပြေးနေစရာမရှိဘူးလေ "

"ရှောင်းလုပ်ငန်းစုတစ်ခုလုံး ဒီလိုပဲအဆုံးသတ်သွားပြီပေါ့ "

"ရှောင်းကျန့်ပျော်ရွှင်မှုကတော့ အခုမှစတင်တာ ၊ နောက်လည်းဆက်ရှင်သန်သွားဦးမှာ "

အဖိုးအိုက ခပ်တိုးတိုးသာရယ်နေတယ် ။

"ရှောင်းကျန့်ဘာမှမရှိတော့တာငယ်ငယ်ထဲက ၊ မေမေနဲ့ရှောင်းယန်ကိုလည်းဆုံးရှုံးရပြီးပြီ ၊ အခုတော့ ရှောင်းကျန့်ကိုယ်တိုင်အတွက်စဥ်းစားချင်တယ် "

"လွတ်လွတ်လပ်လပ်နေပါ လုပ်ငန်းတွေအကုန် လေလံတင်ပြီး အမွေထားခဲ့ပေးမယ်၊ဒါကဒီအဖိုးနောက်ဆုံးပေးနိုင်တဲ့လက်ဆောင်ပဲ "

"ရှောင်းကျန့်အဲ့အမွေတွေ စိတ်မဝင်စားတာအဖိုးသိပါတယ် ၊ ရှောင်းကျန့်ချစ်တဲ့သူကိုဒုက္ခမပေးရင်ကို အဖိုးကိုကျေးဇူးတင်ပါပြီ ...အဲ့ဒါအဖိုးတန်ဆုံးအမွေပဲ အဖိုး "

"မင်း ခေါင်းမာလာတာပဲ "

"ရှောင်းကျန့်လုံလောက်အောင်လိမ္မာခဲ့ပြီးပြီလေ "

"မင်းရင့်ကျက်လာတာကိုပြောချင်တာ ၊ ငါတကယ်ပဲစိတ်ချပါပြီ"

"သခင်ကြီးဆေးသောက်ချိန်ရောက်ပါပြီ "

"မလိုတော့ပါဘူး ဒီညကစပြီး ငါဘုန်းတော်ကြီးကျောင်းမှာပဲသွားနေတော့မယ် ၊ ရှောင်းကျန့်ဘယ်မှာနေမလဲ "

"ရှောင်းကျန့် မြို့ထဲမှာခဏနေပြီးရင်အိမ်ပဲပြန်ရမှာပေါ့ "

"အိမ် "

"ဟုတ် ၊ ရှောင်းကျန့်ရဲ့ကိုယ်ပိုင်မိသားစုနဲ့... နေတဲ့အိမ်"

အဖိုးအိုကခေါင်းတညိတ်ညိတ်နဲ့တိတ်ဆိတ်သွားတယ် ။

"အိမ်ကအလုပ်သမားတွေကိုဘဝတစ်ခုစနိုင်တဲ့အထိ ထောက်ပံ့ငွေပေးလိုက် ၊ ကျန်တာကရှေ့နေကြီးနဲ့ပြောထားတဲ့အတိုင်းပဲ ဆက်စီစဥ် ၊ ငါ့ကို
ညကျရင်ဘုန်းတော်ကြီးကျောင်းလိုက်ပို့ပေးပြီး...ပြီးရင် မင်းလည်းဘဝအသစ်စသင့်ပြီ "

-BOYS-Where stories live. Discover now