-17-

5.7K 809 33
                                    

ရှောင်းကျန့်ကိုလိုက်ပို့ပြီးတာနဲ့ ရှောင်းမိသားစုရဲ့နောက်ကြောင်းကိုသူခရေစေ့တွင်းကျပြန်လေ့လာလိုက်တယ် ။ စီးပွားရေးပိုင်းတင်မကဘဲ လူမှုရေးအိမ်တွင်းရေးတွေပါသူသိဖို့လိုလာပြီ ။

ရှောင်းကျန့်အဖိုးဆုံးပါးသွားစဥ်တည်းက ရှောင်းမိသားစုရဲ့သြဇာအာဏာနဲ့ကျော်ကြားမှုက
ကျဆင်းသွားခဲ့တယ် ။ မီဒီယာတွေက စိတ်မဝင်စားတော့တဲ့အလျောက်အသုံးဝင်မဲ့အချက်အလက်တွေအများကြီးရှာမတွေ့ခဲ့ပေမဲ့ သူ့အဖိုးအကြောင်းတွေရှာကြည့်တဲ့အခါ အရေးကြီးတဲ့အချက်အလက်အချို့သူရှာတွေ့ခဲ့သည် ။

-မြေးဦးအသက်သုံးဆယ်ပြည့်လျှင် လုပ်ငန်းအမွေအပြည့်အဝလွှဲပြောင်း -

ဆိုလိုချင်တာက ရှောင်းမိသားစုရဲ့အမွေတွေက မိဘတွေလက်ထဲရှိမနေဘဲ ရှောင်းကျန့်အတွက်သက်ဆိုင်ရာရှေ့နေအဖွဲ့ဆီမှာ ။ ရိပေါ်ရဲ့ မိသားစုရှေ့နေဆီကိုဖုန်းခေါ်လိုက်တယ် ။

"ကျုပ်သိချင်တာလေးရှိနေလို့ "

ရိပေါ်ကအချက်အလက်တွေကိုလေသံမှန်မှန်ဖတ်ပြနေရင်းတစ်ဖက်က ကျွမ်းကျင်သူရှင်းပြသမျှမျက်မှောင်ကျုံ့ကာနားထောင်နေခဲ့တယ် ။

"ဆိုတော့... ဘုရင်ကိုရုပ်သေးရုပ်လိုပုံသွင်းထားတဲ့လှည့်ကွက်လေးပေါ့ "

ရိပေါ်ရဲ့နှုတ်ခမ်းက မျဥ်းဖြောင့်လိုတင်းသွားခဲ့တယ် ။ ပိုင်ရှင်အစစ်အမှန်ကိုသူတို့ပေးကျွေးထားရသလိုငယ်နိုင်ဖြစ်အောင်ဖန်တီးထားခဲ့တာပဲ ။

. . .

ရုံးကိုပထမဆုံးလိုက်လာတဲ့ရက်မှာတော့ရှောင်းကျန့်က သူ့ဆံပင်အလိမ်လေးတွေကိုစိတ်လှုပ်ရှားစွာ သပ်တင်နေတယ် ။ လူတွေနဲ့ဘယ်လိုရင်ဆိုင်ပစ်မယ်ဆိုပြီးတွေးရင်း တစ်ညလုံးမအိပ်ခဲ့ရ ။ နောက်ဆုံးကျတော့ ကိုကို့ရဲ့အခန်းထဲမှာပဲကိုကို့မျက်နှာထိုင်ကြည့်နေရတာနဲ့ပြီးသွားတယ် ။

"ကိုကို "

"ဟင်...အင်း ပျင်းနေပြီလား ခဏနေရင်ကိုယ့်လက်ထောက်ရောက်လိမ့်မယ် ၊ စာရင်းအင်း
ခန့်ခွဲရေးသင်ရမယ် "

-BOYS-Where stories live. Discover now