-8-

6.8K 902 57
                                    

မမှောင်ခင်ပြန်သွားတဲ့ဘေးအိမ်ကကိုကြီးကြောင့် ရှောင်းကျန့်ထုံးစံအတိုင်းငူငူငေါင်ငေါင်လေးအတိုင်းစာကျက်နေတယ် ။ ကြက်ပေါင်ကလည်းပြန်မလာသေးတာကြောင့် ပျော်စရာဘာမှမရှိ ။

ညီမလေးကိုဖုန်းခိုးဆက်ကြည့်ရင်လည်း ပါပါးသိသွားမှာစိုးရိမ်ရသေးတယ် ။ ဘာမှမရှိတဲ့ ခေါက်ဖုန်းခလုတ်လေးတွေကိုသူနှိပ်ရင်း ခလုတ်နှိပ်တိုင်းပေါ်လာတဲ့ အသံကိုသာဖျော်ဖြေရေးအနေနဲ့ လုပ်နေလိုက်တယ် ။ ချောက်ခနဲပျက်သွားတဲ့မီးတွေကြောင့်ရှောင်းကျန့်တုန်သွားတယ် ။ ဘေးအိမ်ကိုလှမ်းကြည့်တော့လင်းထိန်နေဆဲ ။

"တစ်အိမ်ထဲဘာလို့ကွက်ပျက်တာလဲ "

ဆယ်မိနစ်လောက်ထိစောင့်ကြည့်ပေမဲ့ ဘယ်သူမှမီးပြန်လာဖို့မကြိုးစားကြောင့်သူထရပ်လိုက်တယ် ။ ဆယ်မိနစ်တောင်မှောင်မဲတိတ်ဆိတ်နေတာကအဓိပ္ပါယ်မှမရှိတာ ။ အခန်းတံခါးဖွင့်ဖွင့်ချင်း အမဲရောင်အပြည့်ဝတ်ဆင်ထားတဲ့ လူရိပ်ကသူ့ကိုပါးစပ်ပိတ်ပြီးနံရံမှာဆွဲကပ်လိုက်တယ် ။
ရုတ်တရတ်ထိတ်လန့်သွားပေမဲ့ဒီရေမွှေးနံ့ကိုသူကောင်းကောင်းမှတ်မိနေတော့စိတ်အေးသွားရတယ် ။ သူမအော်ကြောင်း ၊ သိကြောင်းပြသဖို့လှုပ်ရှားလို့ရသေးတဲ့ခေါင်းကို ကိုကို့ရင်ဘတ်ပေါ်ပွတ်ခွေ့လိုက်တယ် ။

"မှတ်မိတယ်ပေါ့ "

"ကိုကို့ရေမွှေးနံ့ကသိသာတာကိုး "

"တစ်အိမ်လုံးအိပ်ပျော်နေကြပြီ မနက်ဖြန်နေ့လည်ထိမနိုးဘူး ၊ တစ်ယောက်ယောက်ခိုးဝင်မှန်းလည်းသိမှာမဟုတ်ဘူးမို့ စိတ်မပူနဲ့ "

"သိသွားရင်ရော "

"ကိုယ်မင်းကိုခိုးပြေးမှာပေါ့ "

ညနေကအမှုမဲ့အမှတ်မဲ့သဘောထားလိုက်မိတဲ့စကားကို ကိုကိုကအတည်ကြီးထပ်ပြောနေတော့ရှောင်းကျန့်အာရုံစိုက်မိလာပြီ ။

"အဲ့ဒါဘာပြောတာလဲ "

"အခုအပြင်ထွက်ရအောင် ၊ အနွေးထည်ရော? "

ရှောင်းကျန့်ကစမ်းတဝါးဝါးနဲ့အိပ်ယာပေါ်ကအနွေးထည်အနီရောင်လေးကိုပြေးယူတယ် ။
ကားထဲရောက်တဲ့အခါ လူပုလေးဦးထုပ်နဲ့ အနွေးထည်လုံးလုံးဝတ်ထားတဲ့ရှောင်းကျန့်
ကြောင့် ရိပေါ်ကအသဲအရည်ပျော်ရပြန်ပါတယ် ။

-BOYS-Where stories live. Discover now