-37-

5.2K 730 58
                                    

ရှောင်းကျန့်နောက်ဆုံးအပြီးဖြတ်ရမဲ့အစည်းအဝေးအတွက်ဦးလေးနဲ့အတူပြင်ဆင်နေတယ် ။

"ဒီလုပ်ငန်းက ရှောင်းစန်းတို့လူတွေများတယ် ၊ သခင်ကြီးသစ္စာခံတွေက အောက်ခြေပိုင်းမှာပဲရှိတော့တာမို့ စကားလေးတစ်လုံးတောင်လွဲလို့
မဖြစ်ဘူး "

"လျှို့ဝှက်စာရင်းတွေရှိလောက်တယ်မလား "

"ဒါက နောက်ကသူတွေရှင်းရမဲ့ကိစ္စမို့ သခင်လေးက မနက်ဖြန်အစည်းအဝေးမှာပြောရမဲ့စကားတွေကို ခေါင်းထဲစွဲအောင်မှတ်ထားရင်ရပါပြီ "

"ဒါပေမဲ့ ရင်းနှီးမြှုပ်နှံငွေအများစုက မောင် ...ဝမ်အိမ်ကသခင်လေးက ရှောင်းကျန့်ကိုကူညီဖို့သုံးခဲ့တာလေ ၊သူ့ကို ပြဿနာထဲရောပါသွားတာမျိုးတော့မဖြစ်စေချင်လို့ပါ "

"ကျွန်တော်အကောင်းဆုံးစီစဥ်ပေးပါ့မယ် ၊ ဒါပေမဲ့...စိတ်ခံစားချက်တွေကိုသိမ်းထားဖို့မမေ့ပါနဲ့ ၊ ရှောင်းမိသားစုရဲ့ မျက်နှာကသခင်လေးပါ "

"ရှောင်းကျန့်ကိုမိသားစုနဲ့မကိုင်ပေါက်ပါနဲ့ ၊ အကုန်လုံးလူကြီးတွေရဲ့အရှုပ်အရှင်းတွေကြား ရှောင်းကျန့်ချစ်သမျှဆုံးရှုံးခဲ့ရတာ ၊ သူနဲ့မပက်သတ်ရဘူးဆိုတာသိပေမဲ့.... ရှောင်းကျန့်ရင်ထဲမှာရှိပြီးသားကိုတော့ဦးလေးပုံသွင်းခြယ်လှယ်ခွင့်မရှိဘူးလေ ၊ အခုရှောင်းကျန့်သူ့ကိုစွန့်လွှတ်ရပြီးပြီ ဘာများထပ်လုပ်ပေးစေချင်တာလဲ? "

"ကျွန်တော်က အမှုထမ်းသက်သက်ပါ ၊ အဲ့လိုချုပ်ကိုင်ဖို့ဘယ်လိုရဲပါ့မလဲ မဖြစ်သင့်တာမဖြစ်ရအောင်ထိန်းသိမ်းပေးရုံပါပဲ "

ရှောင်းကျန့်သက်ပြင်းချပြီး မနက်ဖြန်လူတွေရှေ့ချပြရမဲ့ "ရှောင်းအိမ်တော်ရဲ့ သခင်လေး " ပုံစံအတွက်သာ ပြင်ဆင်နေလိုက်တယ် ။ မောင်ပြောဖူးသလိုပဲ ရှောင်းကျန့်ကဝင်ကစွပ်ငယ်လေးဖြစ်နေတာ ။ အိမ်တစ်အိမ်ပြီးတစ်အိမ်ပြေးပုန်းပြီးဟန်ပြနေပေမဲ့ အစစ်အမှန်ပုံရိပ်ကတော့ မောင့်ကိုမြတ်နိုးတဲ့ သေးသေးကွေးကွေးသက်ရှိလေးပါပဲ ။

. . .

အစည်းအဝေးပြီးလို့ထွက်လာတော့ တစ်လျှောက်လုံးလွှတ်ထားပေးခဲ့တဲ့မောင်ကအရှေ့မှာလာပိတ်ရပ်တယ် ။ အသင့်အနေအထားကာကွယ်ပေးနေတဲ့ ကိုယ်ရံတော်တွေကိုရှောင်းကျန့်အသာတားလိုက်တယ် ။ မောင်သာဆန္ဒရှိရင် ဒီထက်များတဲ့လူတွေလည်း သူ့လမ်းကိုပိတ်နိုင်မှာမဟုတ် ။ ပြဿနာအကျယ်တွေရှောင်းကျန့်မဖြစ်စေချင်ပါ ။

-BOYS-Where stories live. Discover now