"တကယ်ရိုက်ရလားကွာ "
လက်ဝါးရာရဲတက်လာတဲ့ကျောကိုလှည့်လှည့်
ကြည့်ရင်း ရိပေါ်အပြုံးမရပ်နိုင် ။ သူနဲ့ပေါင်းတာတစ်လလောက်ပဲရှိသေးတယ် ။ အာသာဖြေတတ်ပြီ ။ လူကိုအကြမ်းဖက်တတ်နေပြီ ။ စကားရိုင်းရိုင်းလည်းပြောနိုင်ပြီ ။ စောက်ရမ်းတော်တဲ့ငါဟ ။အခြေအနေကဆက်လို့မကောင်းတာရိပ်စားမိတာမို့ခေါက်ဆွဲပန်းကန်သာထွက်ပေးရင်း ရှောင်းလုံးပေါင်းကိုခြံထဲခေါ်လာခဲ့တယ် ။ အနည်းငယ်ရှည်စပြုနေတဲ့လက်သည်းလေးတွေကိုလည်းတိတိရိရိညှပ်ပေးလိုက်တယ် ။ မဟုတ်ရင်သွားနဲ့ကိုက်ထားတဲ့လက်ထိပ်လေးတွေကိုရိပေါ်အူယားပြီးကျောချမ်းတယ် ။
"ရှောင်းကျန့်လေ အခုတလောပေါင်မုန့်ဆိုင်လေးဖွင့်ချင်တယ် "
"ပေါင်မုန့်ဖုတ်ချင်လို့လား "
"မဟုတ်ပါဘူး ရှောင်းကျန့်အရသာစုံစားချင်လို့ပါ ၊ တစ်ခုဆီဝယ်ရရင်ရှောင်းကျန့်မကုန်နိုင်ဘူးလေ"
"အော်"
အာသံရှည်ဆွဲလိုက်ပေမဲ့ ပေါင်မုန့်သေးသေးလေးတွေအရသာစုံဖုတ်ပေးနိုင်မဲ့ဆိုင်ကိုရှာဖွေလိုက်တယ် ။
"ရိပေါ်ရေ အမှိုက်ထုပ်ကူသယ်ပေးလိုက်ဦး အမှိုက်ကားလာနေပြီ "
အမှိုက်ထုပ်တွေမနိုင်မနင်းသယ်လာတဲ့ အိမ်အလုပ်သမားမလေးကိုသူဘုကြည့်ကြည့်ပြီးကူသယ်ပေးလိုက်တယ် ။ ရှောင်းကျန့်ကလည်းအထုပ်သေးသေးလေးတစ်ထုပ်ကူဆွဲတယ်။
"ဘေးဘေ ညစ်ပတ်မယ်မကိုင်နဲ့ "
"ရှောင်းကျန့်အမှိုက်ပစ်ချင်လို့ပါ "
သည်ဘက်လာတဲ့အမှိုက်ကားတွေက သန့်ရှင်းသစ်လွင်ပြီး စည်းကမ်းတကျစွန့်ပစ်အမှိုက်များသာသိမ်းပေးတာမို့ အနံ့မနံပေ ။
"ရှောင်းကျန့်အမှိုက်ကားမောင်းချင်လိုက်တာ "
"အမှိုက်လိုက်ကောက်ချင်သေးလား "
"အမှိုက်ကောက်ထားတယ် "
"ဘာအမှိုက်... "
"မောင်လေ "
ဟာသလုပ်ဖို့ကြိုးစားပေမဲ့ ဘယ်သူမှမရယ်တဲ့အခါ ရှောင်းလုံးပေါင်းကရူးချင်ယောင်ဆောင်ပြီးဆံပင်အလုံးလေးကို လိမ်ကာအကြည့်လွှဲသွားတယ် ။
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.