-32-

4.7K 667 28
                                    

"ဟယ်လို ဖိုးဖိုးလား "

"ရှောင်းကျန့်ပါ "

"ရှောင်းကျန့်ထွက်သွားလို့ရပြီလား "

"ညီလေးနဲ့မေမေ့အတွက် လက်စားချေပြီးပြီပဲ ၊ ရှောင်းကျန့်ဒါတွေမမက်မောဘူးရယ် "

"ဒီအတိုင်း လူတွေမသိတဲ့နေရာလေးမှာပဲ ရှောင်းကျန့်အေးအေးချမ်းချမ်းနေသွားချင်တာ "

. . .

လွန်ခဲ့တဲ့နှစ်ဆယ့်လေးနှစ် ။
ရထားတွဲလေးလိုအမြဲသွားလာတတ်တဲ့အမွှာလေးနှစ်ယောက်ရှိတယ် ။ ဆံပင်ကောက်ကောက်လေးနဲ့ လူမြင်ရင်အစ်ကိုဖြစ်သူနောက်ပြေးပုန်းတတ်တဲ့ရှောင်းယန်ရယ် ၊ ခပ်လုံးလုံးဆံအုပ်ကလေးနဲ့ လူမြင်ရင်ရှက်ကိုးရှက်ကန်း ပြုံးပြတတ်တဲ့ရှောင်းကျန့်ရယ် ။

"မာမား ရှောင်းကျန့်တို့မှာပါပါးရှိလားဟင် "

"ရှောင်းယန်လေးတို့မှာ ပါပါးမရှိဘူးလေ
ရှောင်းကျန့်ကလည်းမေ့ပြန်ပြီနော် "

"ရှောင်းကျန့်ကလေ ရှောင်းကျန့်တို့မှာပါပါးရှိမယ်လို့ထင်တယ် ၊ ရှောင်းယန်ကရောပါပါးမလိုချင်ဘူးလား "

"သားက ပါပါးလိုချင်လို့လား မာမားနဲ့မလောက်ဘူးပေါ့လေ "

"ဟုတ်ပါဘူး ဒါပေမဲ့လည်းလေ မာမားရယ် ရှောင်းကျန့်က တွေးကြည့်တာပါ ၊ သူများတွေမှာပါပါးရှိတယ်လေ "

"ပါပါးရှိရင် မာမားကသားတို့ကိုခွဲပြီးချစ်ရမှာပေါ့ မာမားပဲချစ်ချင်တာ...ဘယ်လိုလုပ်မလဲ "

"ဟုတ်တယ် ဟုတ်တယ် ရှောင်းယန်ကမာမားကိုပဲချစ်တယ် "

"မာမား ရှောင်းယန်လေးကလေ စာလိုက်မလုပ်ဘူးနော်ကျောင်းမှာ "

အငယ်ကောင်က အတိုင်ခံရတော့တုန်သွားပြီး
အမေဖြစ်သူကို မျက်နှာငယ်လေးနဲ့မော့ကြည့်တယ် ။ သူ့ဘဝမှာအမေကသာ အဓိကအက္ခရာ ။

"သားသားတို့ကငယ်သေးတာပဲစာမလုပ်လည်းရတယ် ပျော်ပျော်လေးကြီးပြင်းလာရင်ရပြီ "

သည်လိုပြောခဲ့တဲ့မေမေက ရှောင်းကျန့်တို့နှစ်ယောက်ကျောင်းစတက်တော့ ထိုစကားဆက်မပြောနိုင်တော့ပေ ။ ရှောင်းယန်ရဲ့ ဆံပင်ကွေးလေးတွေကသူ့အဖေဖြစ်သူနဲ့တူနေပေမဲ့ သူမ
တမြတ်နိုးဖွဆော့ပေးမိတဲ့နေရာ ။

-BOYS-Where stories live. Discover now