-15-

6K 837 101
                                    

မနက်စာဝိုင်းမှာပြုံးတုံ့တုံ့လုပ်နေတဲ့ရိပေါ်ကအပေါ်ဝတ်မကပ် ။ ချစ်ဆုံးကိုအနီမှတ်ပေးတတ်ဖို့ အာခြောက်မတတ်သင်ပေးပြီးတဲ့အချိန်မှာတော့သူအမှတ်အသားတစ်ခုရ...

"ကြောင်ကိုက်တာလား လည်ပင်းက "

"ဖြစ်စရာလား hickey ဗျ hickey".

"ရိပေါ် ...မာမီတားတဲ့ကြားက ဆက်တိုးနေတာလား "

"သားကြိုက်တယ်လို့ပြောပြီးသားလေ မာမီရာ "

"နင်ယောကျာ်းလေးနဲ့ကြိုက်တာပြဿနာမရှိဘူး အဲ့လိုမိသားစုနဲ့မပက်သတ်စေချင်တာ "

"အဲ့မိသားစုကို​ယူမှာမှမဟုတ်တာ "

"ဟဲ့... ဒယ်ဒီကြီး ရှင်ဝင်ပြောလေ ရှင့်သားစကားနားမထောင်တာငြိမ်ကြည့်နေရသလား "

"အဲ့ကောင်လေးကဘာတဲ့လဲ?"

"ဘယ်သူမှသဘောမတူရင် ခိုးပြေးမှာသူလည်းလက်ခံတယ် ၊ နောက်ဆုံးပိတ်အဖြေကညားဖို့ပဲရှိတယ်ဒယ်ဒီ "

"ကောင်းပြီ "

"ဘာကောင်းပြီလဲ အဲ့ဟာတွေကိုခမည်းခမက်မတော်နိုင်ဘူး "

"ဟ မင်းရဲ့သားကညားပါမယ်ဆို ငါဘာဆက်ပြောရမှာလဲ လေအလကားကုန်တယ် "

"ရှင်တို့သားအဖတော့ချီးကားတိုက်တော့မှာပဲ"

"မာမီရာကလေးတွေရဲ့ဘန်းစကားမသုံးစမ်းပါနဲ့ ဒီမှာစားသောက်နေတာကို "

အဲရစ်ခ်က သူနားမလည်တဲ့စကားတွေကြား
ပေါင်မုန့်ကိုမြိန်ရေယှက်ရေ စားနေတယ် ။

"အဲရစ်ခ် စားပြီးရင်ပြင်ထားဦး ခြံသွားကြည့်မယ်"

"မင်းတကယ်ကြီးလား "

ခြံကရှောင်းကျန့်ကိုခိုးပြေးရင်ထားဖို့ဆိုတာ
အဲရစ်ခ်သိတယ် ။

"စားလို့ပြီးပြီ "

"လီယို ရိပေါ် "

"အင်း "

"ကျစ် "

အဲရစ်ခ်ရဲ့ မျက်နှာကိုကြည့်ပြီးရိပေါ်ပြုံးလိုက်တယ် ။ တစ်ယောက်မှအားမပေးကြတာက စိတ်မကောင်းစရာပေမဲ့ သူ့ဘေးဘေကဖိအားတွေကြားထဲ အချစ်ဆိုတာဘာမှန်းမသိလိုက်ဘဲ ခင်တွယ်စိတ်လေးနဲ့သူ့ဘေးကိုခုန်ဆင်းလာခဲ့တာ ။ သူ့ဘက်ကလည်းဖိအားတွေအခက်အခဲတွေရှိသင့်တယ် ။

-BOYS-Where stories live. Discover now