မိမိအရှေ့က အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့အဖိုးအိုကိုရိပေါ်စေ့စေ့စပ်စပ်ကြည့်လိုက်တယ် ။
"ရှောင်းမိသားစုအဖိုးလက်ထပ်ထဲက အမှုထမ်းခဲ့တာပေါ့ "
"သခင်ကြီးရှောင်းရဲ့လူယုံကိုဖြစ်ခဲ့တာပါ "
စားပွဲခုံပေါ် လက်ဆစ်ကိုအသာခေါင်း ငွေအိတ်ကိုဖွင့်ပြကာတိုးပေးလိုက်တယ် ။
"စုံစမ်းရသလောက် ရှောင်းကျန့်ကအမွေအားလုံးရထားတယ် ၊ ဒါပေမဲ့အခုထိအာဏာမရောက်သေးဘူး ၊ ကျုပ်ပထမဦးဆုံးသိချင်တာက... အသ်သုံးဆယ်ပြည့်မှ အမွေလွှဲပြောင်းခွင့်ရမယ်ဆိုတာက အသက်သုံးဆယ်ပြည့်မှစတင်သင်ယူဖို့တော့မဟုတ်တန်ဘူးထင်တယ် အဲ့ကိစ္စများသိသေးလား "
"ဆယ့်ရှစ်နှစ်မှာ လုပ်ငန်းကိုအာဏာချုပ်ကိုင်ခွင့်ပြုသည်ဆိုတဲ့အမှာစာပါသေးတယ် ၊ ဆိုလိုတာက အဲ့ကလေးဆယ့်ရှစ်ပြည့်တဲ့ လုပ်ငန်းထဲဝင်စွက်ဖက်ချုပ်ကိုင်လို့ရပြီ ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတယ် "
"ဘာများလဲ "
"ပုံမှန်အခြေအနေမဟုတ်ခဲ့ရင် အုပ်ထိန်းသူကပဲသူ့ဘဏ္ဍာရေးစီမံခွင့်ရမယ် "
"ရှင်းပါဦး "
"သူ့ရဲ့ကျန်းမာရေးအခြေအနေ ၊ လူမှုရေးအခြေအနေတွေပေါ့ ဦးလေးဆက်ကြည့်ရသလောက်တော့ ရှောင်းကျန့်အဲ့အရွယ်မှာ သိပ်အာနည်းတယ် ၊ ဦးနှောက်ကလည်းပုံမှန်မဟုတ်ဘူး "
"ဘယ်အခြေအနေထိလဲ "
"အင်း...ကျုပ်ရှောင်းအိမ်ကနေအနားမယူခင်အထိဆိုရင် ဟင်း...အနားယူတာထက် ရှင်းထုတ်ခံရတယ်ဆိုပါတော့ ၊ အဲ့ကလေးက အိမ်ပြင်ကိုမိနစ်ပိုင်းထွက်တာနဲ့ မူးလဲတဲ့အထိပဲ ၊ စိတ်လည်းမကြာခဏဖောက်ပြန်တယ် "
"ခဏ... အဲ့ဒါမွေးရာပါလား "
"မဟုတ်သေးဘူး ရှောင်းသခင်ကြီးသူတို့ကိုအိမ်ဆီခေါ်လာတုန်းက အမွှာနှစ်ယောက်လုံးကျန်းမာတယ် ၊ ရှောင်းကျန့်ကိုတော့ အိမ်မှာထားခဲ့ပြီး
အမွှာကလေး ရှောင်းယန်ကိုတော့ ရှောင်းသခင်ကြီးက သူ့ကျောင်းကိုခေါ်သွားခဲ့တာ ကျန်းမာရေးချို့ယွင်းလာတာနဲ့ ရှောင်းသခင်ကြီးက ဘုန်းတော်ကြီးတစ်ပါးနဲ့ပေါင်းပြီးသာသနာပြုဖို့ ခေါင်းပါးဒေသတွေမှာကျောင်းလိုက်တည်ဖို့ပဲဆန္ဒရှိတော့တာ "
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.