-11-

6.1K 810 76
                                    

ဆံပင်လိမ်ကွေးကွေးလေးတွေကို ဆံထုံးနှစ်ဖက်စုချည်ပေးပြီးရေမိုးချိုးဖို့ပြန်သွားတဲ့ကိုကို့
ကြောင့်ရှောင်းကျန့်ပျင်းပျင်းနဲ့မှန်ရှေ့ငုတ်တုတ်ထိုင်နေခဲ့တာကြာပြီ ။ဆံပင်ကြောင့် ရှောင်းကျန့်မျက်နှာကရယ်စရာလေးဖြစ်နေပါပြီလေ ။ ခေါင်းတော့အေးပြီးနေလို့ကောင်းသည် ။ ဆံပင်ကသိပ်မရှည်တာမို့ ဆံထုံးလေးတွေက ငုံးဥလောက်လေးပဲရှိတယ် ။

ရှောင်းကျန့်နဖူးနားမှာသွေးကြောလေးတွေနဲ့
နဲ့မွှေးညှင်းနုလေးတွေရှိတယ်လို့ကိုကိုကပြောတယ် ။ အဲ့ဒါကကော်တွန်ပွင့်လေးတွေနဲ့တူတယ်တဲ့ ။ မှန်ထဲမျက်နှာကိုနီးနီးကပ်ကပ်ကြည့်ရင်း ကိုကိုပေးသွားတဲ့ အနီရဲရဲအမှတ်ကိုတွေ့တော့ ရှောင်းကျန့်မျက်နှာပူသွားတယ် ။

"ခက်ပါတယ် ကိုကိုကတော့ "

"သခင်လေး "

"ဗျား "

"ရှင်?  ဟို နေ့လည်စာ... "

"ဟုတ် ဟုတ် လာစားမယ်ဗျ လာပြီနော် လာပါပြီ"

"ဆံပင်ကိုဘာတွေလုပ်ထားတာလဲ ၊ ဒါကအိန္ဒြေမဲ့လွန်းတယ် သခင်ကြီးတို့သာတွေ့သွားရင်ပြဿနာတက်တော့မှာပဲ "

"ဖြည်လိုက်ပါ့မယ် "

အိမ်ရဲ့ဝန်ထမ်းတွေအကုန်လုံးက ရှောင်းကျန့်ကိုစောင့်ကြည့်နေတဲ့ အစောင့်တွေပါပဲ ။

"ညက ဆေးသောက်ခဲ့ရဲ့လား ၊ ကျွန်မညက အတော်အိပ်ငိုက်သွားလို့ပါ ၊ အဲ့ဒါကျွန်မတာဝန်လစ်ဟင်းလို့... "

"ကျွန်တော်သောက်ခဲ့ပါတယ် ဘယ်သူ့မှပြန်မပြောမှာမို့စိတ်မပူပါနဲ့ "

"ကျေးဇူးတင်ပါတယ် "

ထမင်းကိုတို့စိစိစားရင်း နားရွက်ကိုဖွက်ထားရတာကသိပ်တော့မလွယ်ပါ ။

"သခင်လေးနားကရဲနေတယ် ကျွန်မ
ကြည့်ပေးပါရစေ "

ရှောင်းကျန့်လက်တွေအေးစက်လာပြီး တုန်တုန်ရီရီနဲ့နောက်ယို့လိုက်တယ် ။

"ခြင်... ခြင် အဲ့ဒါခြင်ပါ "

မလိမ်တတ်တဲ့သူမို့ ရှောင်းကျန့်အမူအယာက အတော်လေးပုံပျက်နေတယ် ။

-BOYS-Where stories live. Discover now