ဖုန်းကိုပိတ်ပြီးလက်ကိုခရီးဆက်ဖို့လုပ်တဲ့အခါ သူ့ကိုခပ်ကြောင်ကြောင်လေးငေးနေခဲ့တဲ့ မျက်ဝန်းလှလှကိုတန်းတိုးတယ် ။
"..."
"Hi "
"..."
ထအော်လိုက်ရင် ပါးစပ်လေးပိတ်သလိုနဲ့
ဖိချုပ်ပြီးထိကြည့်ဖို့ကို... ကောင်လေးက တစ်ချက်တောင်မလှုပ်ဘူး ။"Hi "
"Hello "
"Hey?"
"မင်းစကားပြောတတ်တယ်မလား "
"ဟု...ဟုတ် "
"ဟုတ်? မင်းအခန်းထဲ ဒီအချိန်ကြီးတစ်ယောက်ယောက်ရောက်နေတာမကြောက်ဘူးလား? "
"ဘေးအိမ်ကဦးဦးတို့ရဲ့သားမလား ၊ ကို ကိုကြီးကို ကျွန်တော်သိပါတယ်"
ရိပေါ်မျက်ခုံးကိုအသာဆွဲကုတ်လိုက်တယ် ။
"ဒါပေမဲ့ကိုယ်က ဒီအချိန်ကြီးမင်းအခန်းထဲ
သူခိုးလိုရောက်နေတာလေ ""မခိုးဘူးမလားနော် ၊ ဘာလိုချင်လို့လဲဟင် "
ရှောင်းကျန့်က မျက်တောင်လေးတွေခတ်ရင်း ရိပေါ်ကစိုက်ကြည့်လာတဲ့အခါရှက်သွားပြီး စောင်ကိုခေါင်းပေါ်တင်ကာပုန်းဖို့ကြံနေတယ် ။
ယောကျာ်းလေးမျက်တောင်ခတ်တာ ဒီလောက်တောင်ကဗျာဆန်တယ်? ။"ကိုယ်တစ်ခုခုလုပ်လိုက်မှာမကြောက်ဘူးလား? "
"ဘာ...ဘာလုပ်မှာလဲဟင် "
"မင်းတို့အိမ်ကတော်ဝင်မျိုးရိုးအိမ်မလား ကိုယ်က ပြည်ပက Spy ဆိုတော့ မင်းကို... "
"အိ "
ပုံမှန်အတိုင်းရှိနေရာကနေ ကလေးတစ်ယောက်လိုမျက်နှာလေးရှုံ့ပြီး မျက်ရည်ပြိုလာတော့ရိပေါ်လန့်သွားတယ် ။
"ဟေး ကိုယ်နောက်တာ ၊ ကိုယ်လမ်းကြုံလို့ခဏဝင်လာရုံပါ အိမ်နီးချင်းတွေမလား ကိုယ်တို့ရင်းနှီးရမှာပေါ့ "
အလွယ်တကူပြောလိုက်ပြီးမှ ကိုယ့်ကိုကိုယ်ကျိန်ဆဲလိုက်မိတယ် ။ ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ဆင်ခြေလဲ ။
သူ့ဆင်ခြေက ကလေးတောင်မယုံလောက်ပေမဲ့ ကောင်လေးကတော့တိခနဲမျက်ရည်တိတ်ကျသွားပြီး ယခင်ကလိုပြန်ငေးနေတယ် ။
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.