Cai Ding သေလုမျောပါးအခြေအနေနဲ့နိုးထလာခဲ့တယ် ။ Xiang Kong ညင်သာချင်ယောင်ဆောင်နေခဲ့တာအလကားပဲ ။ နောက်ဆုံးတော့လည်း အကြမ်းပတမ်းလုပ်ပြီး အသက်ရှုခွင့်တောင်ပေးခဲ့တာမဟုတ်ဘူး ။ မှန်ထဲကပုံရိပ်လှမ်းကြည့်တော့ သူအခန်းထဲကနေတောင်မထွက်သင့်ဘူးဆိုတာသိသွားတယ် ။ အနီကွက်တွေကပါးတွေမှာတောင်ရဲနေတာ ။ Cai Ding ဆက်မနမ်းနိုင်တော့ရင် လွှတ်ပေးတတ်ပေမဲ့မှီတဲ့ပါးတွေဆွဲကိုက်တာ ။ဘယ်လိုအာသီသနဲ့ကောင်ကိုဒါလုပ်ဖို့အပေးအယူလက်ခံမိလဲမသိ ။
"နိုးပြီလား "
ရေချိုးခန်းဝတ်စုံနဲ့သူကတော့ရှင်းသန့်နေပြီး Cai Ding ကတော့ အနိုင်ကျင့်ခံထားရတဲ့ ဝက်တစ်ကောင်လိုယောင်ယမ်းပုပ်အဲ့နေခဲ့တယ် ။
"ဘာစားချင်လဲ ဗိုက်ဆာပြီလား "
"ကြင်နာချင်ယောင်ဆောင်မနေနဲ့ "
"ကိုယ်ဆရာဝန်ခေါ်ထားတယ် "
"သေမလို့ခေါ်တာလား အလုပ်ခံရလို့ဆရာဝန်ပင့်ပြရတာ....အဓိပ္ပါယ်မရှိဘူး "
"မင်းကိုယ်ဝန်ရနေရင်ဘယ်လိုလုပ်မလဲ အဲ့ဒါစစ်ခိုင်းမလို့ "
"မင်းစောက်တုံးလား? အဲ့ဒါကိုတကယ်ယုံတယ်ပေါ့ "
"ဘာ? "
"စောက်ရူးလို့ပြောလည်းမကြိုက်ဘူး "
Xiang Kong က တိတ်ဆိတ်သွားပြီး ဒေါသထွက်လာပုံရသည် ။ Cai Ding လည်းဒီလောက်အထိတော့မဖြစ်စေချင်ခဲ့ပါဘူး ။ ဒါပေမဲ့ Xiang Kong ဒီလောက်တုံးမယ်မထင်ခဲ့မိတာ ။
"စလို့ကောင်းလား "
"အ နာတယ် "
"Cai Ding ငါမင်းအပေါ်အများကြီးကောင်းပေးဖို့ကြိုးစားနေတာသိလား? "
"နာတယ် "
"ဖုန်းသိမ်းလိုက်ပြီ "
"ဘာလို့လဲ ဒါကစနောက်တာပဲလေ ၊ ငါဆဲတုန်းကတောင် မင်းစိတ်မဆိုးဘဲနဲ့ "
Xiang Kong က အေးစက်စက်ကြည့်ရင်းဖုန်းကိုပွတ်နေတယ် ။
"မင်း ဘယ်သူ့ကိုခေါ်နေတာလဲ? Xiang Kong အဲ့လိုမလုပ်နဲ့ "
"ဟဲလို ရှောင်းကျန့်လား "
"မင်းသူငယ်ချင်းအကြောင်းမေးမလို့ ..... သူကလေးမွေးနိုင်လား? "
![](https://img.wattpad.com/cover/297721922-288-k731866.jpg)
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.