can't stop loving it
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ဒုတိယမြောက်ရက် ။
ရိပေါ်မျက်ကွင်းတွေအနည်းငယ်ချောင်နေတယ်။
ညကသူခိုးလို တစ်ဖက်အိမ်ထဲဝင်ပြီး ကင်မရာအသေးလေးတွေခိုးတပ်ခဲ့ရတာညလုံးပေါက်ပဲ ။ ရှောင်းအိမ်က အလုပ်ကိစ္စတွေအပြင်မှာပဲစီစဥ်ကြပုံရပေမဲ့ တစ်ခုခုသိရလည်းမဆိုးတာကြောင့်သူတပ်ခဲ့တာဖြစ်တယ် ။ သူ့ဟာလေးကိုစိတ်မချတာလည်းပါတာပေါ့ ။ယခုတော့ သူ့ဟာလေးထက်သူ့ညီလေးကိုပိုစိတ်မချရတော့ပေ ။ တစ်ညလုံးကိုယ်တုံးလုံးနဲ့လှိမ့်အိပ်ပြီးကောက်ကွေးနေတာလေးကိုသူထိုင်ကြည့်မိခဲ့သည် ။ တစ်သျှူးစတွေလည်း တစ်ထုပ်လုံးကုန်၏ ။
"ကိုကို "
"အင်း ကားပေါ်တက် "
"ဒီနေ့ ရှောင်းကျန့်သန့်ရှင်းရေးမလုပ်ချင်တော့ဘူး "
"မဟာရည်မှန်းချက်ကြီးလက်လျှော့လိုက်ပြီလား အဲ့လိုရည်မှန်းချက်ကြီးနဲ့ဆို ကမ္ဘာ့နံပါတ်တစ်သူဌေးကြီးဖြစ်မှာကို ကျစ်ကျစ် "
"ဟုတ်လား ရှောင်းကျန့်ကအဲ့မှာရေမချိုးချင်လို့ ၊ လုပ်ရမယ်ဆိုလုပ်မယ်နော် "
"ရွဲ့ပြောနေတာမင်းရဲ့ "
"ဟာ "
"ဟာ... ဟာမနေဘဲ morning kiss လာလိုက် "
"ဟုတ် ဟုတ် "
လည်ပင်းလေးတစောင်းစောင်းနဲ့နှုတ်ခမ်းထော်ပြီးနမ်းလာတဲ့ အသေးလေးကိုဂုတ်ကနေဖိဆွဲရင်းနမ်းတော့ တုန်ချိချိနဲ့အနမ်းခံရှာပါတယ် ။
"ကိုကို "
"ဗျ "
"ကိုကိုကားမောင်းနေတာကြည့်ကောင်းတယ်နော်"
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.