-6-

6.3K 839 75
                                    

"ပါးကဘာဖြစ်တာလဲ "

"ဘာဖြစ်လို့လဲဟင် "

" အနားတိုးခဲ့... မှန်း ကိုယ်ကြည့်ပေးမယ် "

* mua *

"ဘာဖြစ်တာလဲ "

"နုနေတာ "

"ဟုတ်လား "

"ကိုယ်နေ့တိုင်းကြည့်ပေးမယ်လေ အဲ့ဒါကအန္တရာယ်များတယ်သွေးကြောလေးတွေပေါ်နေတာပိုဆိုးလာရင်အဆင်မပြေဘူး ၊ ပါးကိုဘာလူးထားတာလဲ "

"ဆိတ်နို့ရည် "

မာမီ့ကိုဝယ်ခိုင်းဦးမယ် ။ မွှေးနေတာပဲ ။

"ကိုယ်မနက်ကျအလုပ်သွားရမှာ မင်းမအိပ်ချင်သေးဘူးလား? "

ရှောင်းကျန့်က ဂျီကျတတ်တဲ့ကလေးလိုမဟုတ်ဘဲ အားငယ်တတ်တဲ့ကလေးလိုမျိုးသာဖြစ်တယ် ။ ကရုဏာပိုချင်စရာမျက်နှာပေးဟာ ကောင်လေးရဲ့ကောင်းချီးမင်္ဂလာပဲထင်ပါရဲ့ ။

"အဲ့ဒါဆို ကို... ကိုကိုပြန်တော့လေ ၊ ရှောင်းကျန့်အိပ်ပါတော့မယ် "

"သရဲလာရင်ရော...  သရဲကခြောက်မှာလားဟင်ဆိုပြီးမေးဦးမှာလား "

"အဲ့လိုပြောလို့မဖြစ်ဘူးလေ ၊ ရှောင်းကျန့် သတိရသွားပြီ "

"ကြောက်လား? "

"ကြောက်တယ်"

"ကိုယ်ဒီမှာအိပ်ပေးရမလား "

"မရဘူးလေ "

"ငကြောက်လေးကွာ... ကိုယ်ပြန်ပြီ "

"အဲ့ဒါဆိုအိမ်ကိုအေးအေးချမ်းချမ်းခုန်သွားပါ ၊ရှောင်းကျန့်အခန်းထဲပြန်ဝင်ပြီနော် "

အခန်းတံခါးကိုအဆုံးထိမပိတ်ဘဲ ရိပေါ်ပြန်တဲ့အထိ ငေးကြည့်နေတဲ့ကောင်လေးကြောင့်ရိပေါ်ပြုံးလိုက်တယ် ။ အဲ့လောက်ချစ်ဖို့ကောင်းနေလို့မဖြစ်ဘူးလေကွာ ။

. . .

ထုံစံအတိုင်း ဘားတန်းခိုရင်း ခံစားချက်ကြောင့်
ဘှမ်းကြည့်တော့ လိုက်ကာလေးကြားကချောင်းကြည့်နေတဲ့ရှောင်းလုံးပေါင်းလေး ။

ရိပေါ် ဘားတန်းပေါ်ဆင်းပြီး ဝရံတာဘက်ထွက်လာလိုက်တယ် ။အသံလေးကြားချင်ပေမဲ့ သူစိမ်းဆီကဖုန်းလက်ခံခွင့်လည်းမရှိပါဘူးဆိုတဲ့ သံကွန်ခြာဘုံထက်ကနတ်သားငယ်လေးကြောင့်သူစိတ်လျှော့လိုက်တယ် ။ ဒါပေမဲ့ အလှထိုင်ကြည့်နေရတာလည်းကြောင်လွန်းတာကြောင့်နည်းလမ်းဟောင်းဖြစ်တဲ့ စက္ကူဘုတ်ပြားပေါ်စာရေးလိုက်တယ် ။

-BOYS-Where stories live. Discover now