"ဟ မင်းစောက်ရူးလား "
အကျဥ်းချုပ်ပြောပြရုံနဲ့တင် ထဆဲတော့ ရှောင်းကျန့်ပြုံးလိုက်တယ် ။
"မောင်လည်းအမြဲအဲ့လေသံပဲသိလား
ရှောင်းကျန့်သူ့ကို ချွဲလို့ရတယ်၊ဆိုးလို့ရတယ် လမ်းခွဲမယ်မချစ်တော့ဘူးပြောတာနဲ့ အဖိုးကြီးလေသံပြောင်းပြီးဆဲတော့တာပဲ ၊ ဆဲခံရရင်လည်းမကြိုက်ပေမဲ့ ပြန်တွေးတော့မောင်အဲ့လိုပြောရင်ချစ်စရာကြီးရယ် ""ငါပြောရင်ကျကျက်သရေတုံးတယ်ဆို"
"အယ်... Cai Ting က တကယ်လည်းကျက်သရေမရှိဘူးလေ ၊ စွာစိလန်ပြီး နှုတ်ခမ်းကြီးတထိုးထိုးနဲ့ "
"မပြောနဲ့တော့... မင်းဟာကြီးအကြောင်းပဲဆက်ပြော "
"ဟာကြီးလို့မပြောပါနဲ့ကွာ မောင်ကငယ်ငယ်လေးပဲရှိသေးတာ "
"ဘယ်လောက်တုန်း "
"20"
သည်တစ်ခါတော့ Cai Ting က ပေါ့ပျက်ပျက်မနေနိုင်တော့ဘဲ မျက်လုံးပြူးပြူးနဲ့ငဲ့ကြည့်လာတယ် ။
"နို့နံ့တောင်မစင်သေးတဲ့အရွယ်ကို မင်းကတမ်းတမ်းစွဲနေတာ? "
"Cai Ting မတွေ့ဖူးသေးလို့ မောင်နဲ့စတွေ့တုန်းက ရှောင်းကျန့်ထက်အကြီးလို့လိမ်တာ ၊ တကယ်လည်းယုံချင်စရာကောင်းအောင်ထွားတာ "
"အဲ့လောက်ကြိုက်နေတာ သူလည်းကြိုက်တယ်ဆို ညားလိုက်ပေါ့ကွာ ဘာတွေစွန့်လွှတ်နေတာလဲ "
"သူကဆေးစွဲဖူးတယ် အခုထိလည်းသုံးနေတုန်း "
"ဆေးသုံးတာများ အဆန်းလုပ်နေတာလား "
ရှောင်းကျန့်တို့နေတဲ့စံအိမ်ကြီးကလူသူကင်းကွာပြီးအေးချမ်းတဲ့နေရာဆိုပေမဲ့ ပရဟိတလုပ်ငန်းတွေထူထောင်ထားတဲ့မြို့လေးကတော့ နိဗ္ဗာန်မြို့တော်ထဲမှာ ။ ဗဟိုအုပ်ချုပ်ရေးရဲ့ အာဏာလုံးလုံးမသက်ရောက်ဘဲ လော်ပန်တွေအုပ်စိုးတဲ့ မြို့တော်ဆိုလည်းမမှား ။ သည်နေရာမျိုးတွေကဘယ်နိုင်ငံမှာမှအစိုးမရတဲ့ဘေးမဲ့နေရာတွေပဲလေ ။ ဘိန်းတန်းတွေဆေးတန်းတွေဆိုတာလည်း အတန်းတကြယ်ကိုမဟုတ် ။
"အဖိုးကအဲ့ဒါသိပ်မုန်းတာ မင်းလည်းသိသားနဲ့ Cai Ting ရယ် "
"မဟုတ်သေးဘူးလေ ဆေးက ဖျက်လို့ရနေတာပဲ ၊ ချစ်ရင်သူဖျက်မှာပေါ့ "
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.