-29-

4.6K 704 20
                                    

ရှောင်းလုံးပေါင်းကိုသူကိုယ်တိုင်အိမ်ကနေထုတ်ပေးခဲ့ပြီး တစ်ရက်ကြာတာနဲ့လွမ်းနာကသေအောင်ကျသည် ။ ဖုန်းဆက်ပြောရုံနဲ့ဘာကိုလုံလောက်နိုင်မှာလဲ ။ မှောင်မဲနေတဲ့အခန်းလေးကိုလှမ်းကြည့်ရင်း မထိန်းနိုင်တဲ့စိတ်အလိုအရ ရှောင်းလုံးပေါင်းအငွေ့အသက်လေးတွေရှိရာအခန်းငယ်ထဲသူ ထပ်ခိုးဝင်ခဲ့တယ် ။

ခြေသရမ်းပြန်ပြီဆိုတဲ့မာမီ့ကျိတ်ဆဲသံကိုလည်းသူမနာနိုင်တော့ ။ ခံစားချက်တွေကမွန်းကျပ်လာတာပဲရှိသည် ။ နောက်ကနေစောင့်ကြည့်ခိုင်းထားလို့ရပေမဲ့ ရှောင်းလုံးပေါင်းကိုယ်တိုင်ထုတ်ပြောမှဆိုတဲ့ ရည်းစားမာနကလည်းခပ်ကြီးကြီး ။

အိပ်ယာပေါ်တက်အိပ်နေရာကနေ ရှောင်းလုံးပေါင်းပစ္စည်းတွေလိုက်စပ်စုကာလက်သရမ်းမိတယ် ။ အမှတ်မထင်စာအုပ်လေးဆွဲကြည့်မိတော့ ပုံမှန်မဟုတ် ။ အသာဖွင့်ကြည့်တော့ အလယ်ကစာရွက်တွေဟာ ပုံစံခွက်လိုစုတ်ဖြဲခံထားရပြီး စာရွက်စာတမ်းအချို့ရှိနေတယ် ။ ဆေးမှတ်တမ်းတွေ ၊ ဓာတ်ပုံတွေ ။

"ရှောင်းယန် "

ဒါက ရှောင်းသခင်ကြီးနဲ့ပါသွားတယ်ဆိုတဲ့ကောင်လေးရဲ့ဆေးစစ်ချက်တွေပဲ ။ ဒါကဘယ်လိုများ ဝင်ကစွပ်လေးဆီရောက်နေရပါသလဲ?   သူရောက်မလာခင်အထိ ရှောင်းကျန့်ကခြံရှေ့တောင်လှမ်းခွင့်မရတဲ့သူလို့သိထားခဲ့ရတာ ။ မာမီကလည်းသည်လိုပြောသလို ရှောင်းလုံးပေါင်းကလည်းထပ်တူဆိုခဲ့တာပဲ ။

နားမလည်တဲ့စာရွက်ကိုဓာတ်ပုံရိုက်ပြီးနေရာတကျပြန်ထားလိုက်တယ် ။ ရှောင်းလုံးပေါင်းဆော့နေကျအရုပ်လေးကိုသူဖက်ထားရင်း မိမိအိမ်သာပြန်လာခဲ့တယ် ။ အတွေးများရတာကသပ်သပ် ၊ လွမ်းရတာဟာလည်းသပ်သပ် ။

သိပ်လွမ်းတာပဲအချစ်ရယ် ။

. . .

ရှောင်းလုံးပေါင်းဟာ ခရီးကပြန်ရောက်ထဲကမျက်နှာမလန်းတာကြောင့် ကိုရီးယားကျန်းမာရေးစင်တာတစ်ခုဆီခေါ်လာလိုက်တယ် ။ ဆေးရည်နွေးနွေးစိမ်ကာ ရေနွေးငွေ့ ၊ဆေးခိုးငွေ့တို့နဲ့အလုံပိတ်ကျပ်တိုက်ခံပြီးတဲ့အခါသူတို့ကိုယ်ထဲကအဆိပ်အတောက်တွေအတော်ထွက်သွားသလိုခံစားရတယ် ။ ကျောက်အပူပေးစက်တွေပေါ် နာရီဝက်မျှအကင်ခံပြီးတဲ့အခါချွေးပုပ်နဲ့အဆီအညစ်အကြေးတွေစိမ့်ထွက်လာခဲ့တယ် ။

-BOYS-Where stories live. Discover now