ကြက်ပေါင်ကို တိဂိတ်မှာသွားထုတ်တော့ ရိပေါ်ပြဿနာစတက်တယ် ။ ရှောင်းကျန့်ကတအားငေးတာ ။ ခဏလေးလက်လွှတ်လိုက်မိတာ ဘယ်ပျောက်ကျန်ခဲ့မှန်းမသိ ။ ကြက်ပေါင်က သူ့ကိုမှတ်မိပြီးလိုက်လို့တော်သေးသည် ။ ပြန်ထွက်လာတဲ့စင်္ကြံလမ်းမှာရှောင်းကျန့်ကနံရံကိုမှီပြီး အစွန့်ပစ်ခံလေးလိုမတ်တပ်ရပ်နေခဲ့တယ် ။
"ဘေဘီ ၊ လက်တောင်သေချာဆွဲမထားနိုင်ဘူးလား "
"မောင်ကအမြန်သွားတာကိုး "
"ဆောရီး... ကိုယ်ပိုဂရုစိုက်လိုက်ရမှာ ၊ ကံသီလို့ "
"ရှောင်းကျန့်ငတုံးမဟုတ်ပါဘူး ၊ ပျောက်ကျန်ခဲ့တဲ့နေရာမှာရပ်စောင့်နေရင် မောင်ပြန်လာရှာမှာပဲလေ.... အဲ့လောက်စိတ်မပူပါနဲ့ ရှောင်းကျန့်
နှစ်ဆယ့်ခြောက်နှစ်ရှိပြီ "အဓိပ္ပါယ်ရှိပေမဲ့လည်း သူအခုထိရင်တွေတုန်နေတုန်း ။ ရိပေါ်သက်ပြင်းချပြီး ထိုလက်လေးတွေထပ်မလွတ်သွားအောင်သာဆုပ်ကိုင်လိုက်တယ် ။
" လာ ကားထဲဝင်တော့ ပိုးတွေကူးမယ် "
"ကြက်ပေါင်ဒီကိုလာ ကိုကိုကကားမောင်းရမယ်"
ကြက်ပေါင်ကရှောင်းကျန့်ပေါင်ပေါ် လိမ်လိမ်မာမာလေးလာထိုင်တယ် ။ ကားမှန်ချပေးတဲ့အခါ
လေတိုက်တိုင်းနားရွက်နဲ့လျှာလေးကလွင့်လို့ ။ရိပေါ်ကြီးပြင်းခဲ့ရတဲ့စံအိမ်ရောက်တော့
ရှောင်းကျန့်ကသဘောကျပုံရတယ် ။ ပန်းမျိုးစုံစိုက်ထားတဲ့အိမ်ကပုံပြင်ဆန်ဆန်လှနေတာပါပဲ ။ကြက်ပေါင်ပြေးဆော့လို့ကောင်းမဲ့မြက်ခင်းကျယ်ကြီးလည်းရှိတယ် ။
"ကိုယ်ဘေးအိမ်ခဏသွားဦးမယ် "
"ဘာလို့လဲ "
"အဲ့ဒါအဲရစ်ခ်အိမ်... သူ့ကိုထားခဲ့ပြီးကိုယ်ပြန်လာတာကိုသိရင်သူ့အဖွားသတ်လိမ့်မယ် "
"မောင်ကြောက်တဲ့သူရှိသေးတာပဲ "
"တကယ်က မင်းကိုအကြောက်ဆုံးပဲ ၊ ခဏလေးပဲနေခဲ့ ကိုယ်ချက်ချင်းပြန်လာမယ် "
ပေါ့ပေါ့ပါးပါးထွက်သွားတဲ့မောင့်နောက်ကျောကိုကြည့်ရင်း အဝတ်ဖြူနဲ့အုပ်ထားတဲ့ အိမ်ကျယ်ကြီးကိုရှောင်းကျန့်လှည့်စပ်စုလိုက်တယ် ။ မောင်ကရှောင်းကျန့်ထိုင်ဖို့တစ်နေရာစာရှင်းပေးသွားပေမဲ့လည်း မထိုင်ဖြစ် ။
YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.