Xiang Kong ရဲ့ပျော့ကွက်ကို Cai Ding သိသွားပြီ ။ သူ့ကိုအရွဲ့တိုက်လို့ ၊ အမှန်တရားအတွက်စကားနိုင်လုလို့ အဆင်မပြေဘူး ။
"Xiang Kong နည်းနည်းနှေးပေးပါ ၊ နာလို့ "
"Ok Ok "
စကားနဲ့အတူ အရှိန်လျော့သွားတာကို ကြည့်ပြီး Cai Ding ပြုံးလိုက်တယ် ။ မွေ့ယာပေါ်ဖြစ်နေကြတာမို့သူလှုပ်တိုင်း Cai Ding လည်း တခါခါဖြစ်နေတယ် ။
"ငါ အထဲမှာပိတ်မမိနေချင်တော့ဘူး ၊ မင်းပြောကြည့်... ငါ အရင်လိုပြန်နေလို့ရပြီလား "
"အင်း.. ထွက်မပြေးရင်ရတယ် ၊ ထွက်ပြေးလည်းမလွတ်တာသိတယ်မလား "
"ငါထွက်ပြေးချင်ရင် ထွက်ပြေးတာကြာလှပြီ အာ့ Xiang Kong စိတ်မလွှတ်လိုက်နဲ့လေ "
"ဆောရီး ပေါင်နည်းနည်းကားဦး "
"မရပါဘူး ငါမင်းကိုခွထားချင်လို့ မင်းဟိုနေ့ကအတင်းလုပ်ထားတာ ပေါင်ရင်းတစ်ခုလုံးနာနေပြီ "
"ကိုယ်မင်းကိုဆေးလိမ်းပေးမယ် "
"ငါ ခေါက်ဆွဲကြော်စားချင်တယ် "
"မင်း အစာမာမာစားလို့မရသေးဘူးလေ
တစ်ပါတ်လောက်မစားနဲ့ပြောသွားတာအခုမှ...""ငါနေကောင်းပါပြီ
"ဒါပေမဲ့မရသေးဘူးလေ Cai Ding ရဲ့ "
"ငါပြောရင် ဘာမဆိုဖြည့်ဆည်းပေးမယ်ဆိုပြီး မင်းညာနေတာပဲ ၊ မင်းကတိမတည်ဘဲ ငါဘယ်လိုလိမ္မာလာမှာလဲ ၊ အတည်တကျတွဲဖို့
စဥ်းစားပေးမလို့ကို မင်းငါ့စကားနားမထောင်ရင် ...""ကိုယ်ဝယ်ပေးမယ် "
Cai Ding ရဲ့အပြုံးကကြီးသွားတယ် ။
"အဲ့လိုမှပေါ့ "
"ဒါပေမဲ့ အရင်လူတွေလို ကိုယ့်ကိုအသည်းမခွဲရဘူးနော် ၊ ကတိပေးရင်ကိုယ်မင်းကိုဘယ်တော့မှမခြောက်တော့ဘူး "
Cai Ding သက်ပြင်းချလိုက်တယ် ။
"မေမေကထွက်သွားချင်ခဲ့တာ ၊ ငါမွေးလာတော့ သူမတတ်နိုင်ဘဲနေခဲ့ရတယ် ... မေမေရောဖေဖေရောငါ့ကြောင့် အဲ့အိမ်ထဲမှာပဲတစ်ဘဝလုံးပေးလိုက်ရတယ် ၊ ငါ တခြားတစ်ယောက်ကိုတွယ်ညိရမှာအရမ်းမုန်းတာပဲ တစ်ယောက်ယောက်ကငါ့ကြောင့်ချည်တိုင်မိသလိုဖြစ်မှာရော ၊ ငါကအဲ့လိုငဲ့နေရမှာရော တွေးရုံနဲတင်မွန်းကျပ်လို့လေ "

YOU ARE READING
-BOYS-
FanfictionIt's Soft Boy × Tough Boy Type . So won't be suit for people who love only Strong × Strong Type.