21.9K 805 4
အဖြူရောင်ကားလေး တစ်စီးဟာလမ်းမပေါ်မှာအရှိန်ပြင်းစွာမောင်းနှင်နေတယ်။ထို‌ကားကိုမောင်းနှင်နေသောသူ၏အပြာရောင်မျက်ဝန်းထဲမှမျက်ရည်ဥလေးတွေဟာလည်းတလိမ့်လိမ့်စီးကျနေတယ်။သူသည်မျက်လုံးတစ်စုံ ကိုမှိတ်ချလိုက်ပြီးမျက်ရည်အားလုံးကိုပါးပြင်ပေါ်သို့ကျဆင်းစေလိုက်တယ်။ကားလေးဟာအရှိန်ပြင်းစွာနဲ့တရကြမ်းဆက်လက်မောင်းနှင်နေခဲ့တယ်။ထိုအချိန်မှာလမ်းအချိုးကွေ့တစ်ခုမှကုန်တင်ကားတစ်စီးဟာလည်းအရှိန်ပြင်းစွာမောင်းနှင်လာ‌နေသည်ကို မြင်လိုက်ရတာကြောင့်‌သူ‌၏ကြည်ပြာရောင်မျက်လုံးအိမ်ဟာပြူးကျယ်သွားပြီး ကားဘရိတ်ကိုအလျင်စလိုနင်းလိုက်ပေမယ့်ထိုအချိန်မှာတော့ကားလေးဟာလုံးဝမရပ်တန့်ဝော့ာဘဲ ထိုကုန်တင်ကားကြီးနဲ့ပြင်းထန်စွာတိုက်မိတော့တယ်။
ဒုန်းးးး
ကျယ်လောင်သောတိုက်မိသံကြောင့်သစ်ပင်မှာခိုနားနေကြသောငှက်‌‌ကလေးတွေဟာလန့်ဖြန့်ပြီးထွက်ပြေးကုန်ကြသည်။ညှော်နံတထောင်းထောင်းနဲ့သူ၏စိတ်အစဉ်ဟာလည်းဝေဝါးနေပြီ။များပြားလှသောဖန်ကွဲစတွေဟာလည်းသူ၏တစ်ကိုယ်လုံးမှာစိုက်ဝင်နေပြီးသူ၏ခေါင်းမှာလည်းသွေးများအဆက်မပြတ်စီးကျလာကာအသက်ရှူသံဟာလည်းနှေးကွေးလာသည်။
သူသေရတော့မှာလား? ဒီတိုင်းအရှုံးသမားဘဝနဲ့သေရတော့မှာလား ? ဟင့်အင်း!!သူမသေချင်သေးဘူး !!
ဘေးနားမှာလည်းအကူအညီတောင်းသံအချို့နဲ့လူနာတင်ကားအသံကိုလည်းဝေးဝေးဝါးဝါးကြားနေရသည်။သူ၏စိတ်ဝိဉာဉ်ကိုလည်းတစ်စုံတစ်ခုကအ‌တင်းဆွဲငင်ယူနေသည်။အမြင်အာရုံတွေဟာလည်းမရှင်းတော့ပေ။ထိုစဉ်သူဆီသို့ အလွန်စိုးရိမ်နေတဲ့ပုံစံနဲ့ ပြေးဝင်လာသောလူတစ်ယောက်။ထိုယောကျာ်းလား??
'ဟား ဟား ဟား'
မဖြစ်နိုင်တာ !!သိပ်ရက်စက်လွန်းတဲ့ယောကျာ်းက ငါ့ကိုစိုးရိမ်တယ်တဲ့လား ??
စိတ်ထဲတွင်ကျယ်လောင်စွာရယ်မောလိုက်မိသည်။အပြင်မှာတော့လက်တစ်ချောင်းတောင်လှုပ်ဖို့အင်အားမရှိတော့ပါ။သူ့ဘဝတွင်ထိုလူအတွက်မကုန်ခမ်းနိုင်သောချစ်ခြင်းမေတ္တာတို့ကိုပေးခဲ့သည်။ထိုသူလိုအပ်သမျှကိုပါးစပ်ကထုတ်‌မပြောရင်တောင်အလိုက်တသိဖြည့်ဆည်းပေးခဲ့သည်။ဘဝတစ်လျှောက်လုံးထိုသူ့ကိုစိတ်နှစ်ကာပံ့ပိုးပေးခဲ့ကာထိုသူကလည်းသူ့ကိုဂရုစိုက်ခဲ့သည်။ကြင်နာခဲ့သည်ဟုထင်ခဲ့သည်။သို့သော်သိပ်မကြာခင်ကသူသိလိုက်ရတာကတော့ ထိုအရာအားလုံးဟာ ထိုသူ၏ချစ်ရသူအတွက်သူ့၏ခံစားချက်များကိုကစားခဲ့ရုံသာ။မုန်းသည်။ထိုလူကိုသူအရမ်းမုန်းသည်။ထိုသူကိုသူခံစားရတာထက်အဆပေါင်းများစွာခံစားရစေချင်သည်။ထိုသူချစ်ရသူ၏လျစ်လျူရှုမှူ၊မုန်းတီးမှုတွေကိုခံစားရစေချင်သည်။
Blue eye (system)Where stories live. Discover now