Arc 4.9

4.5K 461 24
                                    



ရှောင်အန်းကျစ်သည်ထိပ်လန့်တကြားဖြင့် သီးသန့်ခန်းဘက်သို့ကြည့်လိုက်သည်။ထို့နောက်သူ့အကြည့်တွေဟာတဖြေးဖြေးအေးစက်လာပြီး မနာလိုမုန်းတီးမှုများဖြင့်ပြည့်နှက်လာသည်။

ဘယ်သူကငါနဲ့ယှဥ်ပြိုင်ရဲရတာလဲ ? ငါ့ပစ္စည်းကိုလာလုယူခံမယ်ထင်နေတာလား ?

ရှောင်အန်းကျစ်ကရေသူမအဆီအနှစ်ကိုသူ့အပိုင်ပစ္စည်းလို့တွေးနေတော့သည်။သူ့ရဲ့ရှုံ့တွမည်းနက်နေတဲရုပ်ကြီးကို ကြည့်ကာ ချန်ယုလင်ကတော့ခွက်ခွက်လန်အောင်ကိုရယ်နေတော့သည်။

" ဟားဟား ဖေးဖေး တွေ့လိုက်လား? မင်းတွေ့လိုက်တယ်မလား ရှောင်အန်းကျစ်ဖြစ်နေတဲ့ရုပ်ကြီးကို ဟားဟား ဝမ်းချုပ်နေတဲ့ဘီလူးမသံပုရာသီးကိုက်ထားတဲ့ရုပ်ကြီး ဟားဟား "

" သူများကိုအရမ်းရယ်မနေနဲ့ "

" မင်းကလည်းသူ့ကိုယ်သူအရမ်းအထင်ကြီးနေတာလေ ...ထင်သလိုလဲဖြစ်မလာရော ဖြစ်သွားတဲ့ရုပ်ကြီးက ဟားဟား "


အစီအစဥ်ကြေငြာတဲ့မိန်းမပျိုလေးကတော့ ပစ္စည်းရဲ့တန်ဖိုးဟာတော်တော်မြင့်သွားတာကြောင့် ပျော်ရွှင်ဝမ်းမြောက်တဲ့အမူအယာကိုမထိန်းထားနိုင်တော့ချေ။သူမရဲ့အသံလေးဟာပုံမှန်ထက် တက်ကြွလာပြီး အပြုံးတို့ကလည်းပိုမိုပီသလာသည်။

" ဟုတ်ကဲ့ ထိပ်တန်းအဆင့်စိတ်ဝိဥာဥ်ကျောက်တုံး တစ်တုံးထက်ပိုပေးမဲ့သူရှိပါသလား ? "

သူတို့ပြောသလိုပါဘဲ ရှောင်အန်းကျစ်မှာ အဲ့လောက်များပြားတဲ့ ပိုက်ဆံဘယ်လိုလုပ်ရှိမှာလဲ ? ဒါပေမယ့် နောက်ဆုံးဝှက်ဖဲတစ်ခုရှိတာကြောင့် သူသိပ်တော့စိတ်မပူချေ။သူကလျှို့ဝှက်တဲ့အပြုံးတစ်ခုကိုပြုံးလိုက်ရင်း ....

" ထိပ်တန်းစိတ်ဝိဥာဥ်ကျောက်တုံး ၁တုံး နဲ့ အဆင့်မြင့်စိတ်ဝိဥာဥ်ကျောက်တုံး၅၀ "

" ဝိုး ....ဒီကလူကြီးမင်းက သီးသန့်ခန်းကလူကြီးမင်းထက် စျေးပိုပေးလာပါတယ်ရှင့် ...ကျွန်မတင်ဆက်လာတဲ့ လေလံပွဲတွေမှာ ဒီတစ်ခါပွဲကတော့အလွန်စိတ်လှုပ်ရှားစရာအကောင်းဆုံးပါဘဲ ...ဒီကလူကြီးမင်းထက်စျေးပိုပေးနိုင်မဲ့သူရှိပါသလားရှင်"


Blue eye (system)Where stories live. Discover now